ဘရိုက်တန်ကို အဝေးကွင်း သွားရောက် ရင်ဆိုင်မယ့် မန်စီးတီး ဘယ်နှဂိုး ပြတ်နိုင်မလဲ ပေါမာဆန်ရဲ့ သုံးသပ် ခန့်မှန်းချက်

မန်စီးတီးအသင်း က ဒီအပတ် ပရီးမီးယားလိဂ်မှာ ဘရိုက်တန် အသင်းနဲ့ တွေ့နေပြီး အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာပါ။ ပွဲကတော့ မနက်ဖြန် ကြာသပတေးနေ့ ည ၁ နာရီခွဲ အချိန်မှာ ယှဉ်ပြိင်ကြမှာပါ။

ဘောလုံးပွဲတွေ အပတ်စဉ် သုံးသပ်နေကြ ဂန်းနားဟောင်းကြီး ပေါမာဆန်က ဘရိုက်တန် – မန်စီးတီး ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” မန်စီးတီးတို့ ဒီပွဲကို ကစားချိန်မှာ အာဆင်နယ်၊ လီဗာပူးတို့နဲ့ ၄ မှတ် ကွာနေတာမျိုး ဖြစ်နိုင်ပါတယ်။ သူတို့ လက်ကျန်ပွဲတွေကို အနိုင်ရရမယ့် ဖိအားမျိုး ရှိနေပါလိမ့်မယ်။ ကျနော် အမြင်မှာတော့ စီးတီးတို့ ဂရုစိုက် ယှဉ်ပြိုင်လာမှာပါ။

အသင်းတိုင်းက ရိုဒရီကို ဖိအားပေးဖို့ ဝိုင်းရံလာတာတွေ ရှိနေပေမယ့် ဘရိုက်တန်က စီးတီးကို ပြဿနာတွေ အများကြီး ပေးနိုင်မယ် မထင်ပါဘူး။ သူတို့က မနှစ်ကလို အသင်းမျိုး မဟုတ်တော့ဘဲ ဇယားအလယ်ကအသင်း ပိုဆန်လာပါတယ်။

မန်စီးတီးကပဲ ဒီပွဲကို အနိုင်ရသွားပါလိမ့်မယ်။ ” လို့ မာဆန်က သုံးသပ်ထားပါတယ်။

ပေါမာဆန်ရဲ့ ပွဲ ခန့်မှန်းရလဒ်ကတော့ ဘရိုက်တန် ၁-၃ မန်ချက်စတာ စီးတီး ဖြစ်ပါတယ်။