လီဗာပူး နည်းပြသစ် ဖြစ်လာတော့မယ့် အန်းစလော့ ဆိုတာ ဘယ်သူလဲ

လီဗာပူးအသင်းဟာ ကလော့ပ် နေရာ အစားထိုးဖို့ နည်းပြသစ် ရှာဖွေရာမှာ အဓိက ပစ်မှတ်တွေကို ကျော်ပြီး နယ်သာလန်လိဂ် ဖီယင်နုအသင်းမှ အန်းစလော့ကို ခေါ်ယူဖို့ အတော် နီးစပ်နေပြီ ဖြစ်ပါတယ်။

အသက် ၄၅ နှစ်အရွယ် နယ်သာလန်သား ဦးဆောင်တဲ့ ဖီယင်နုဟာ နယ်သာလန် လိဂ်မှာ ခြေစွာနေတဲ့အသင်းဖြစ်ကာ သူ့လက်ထက် အမှတ်ပေးဖလား အောင်မြင်ခဲ့သေးသလို ကိုယ်ပိုင်ဟန်တစ်ခုရှိတဲ့ အသင်းအဖြစ် ထင်ရှားပါတယ်။

ဖီယင်နုဟာ စာရွက်ပေါ်မှာတော့ နယ်သာလန်ရဲ့ တတိယအကြီးဆုံး ကလပ်ဆိုပေမယ့် အေဂျက်အသင်းနဲ့ အတော်လေး အလှမ်းကွာတဲ့ အသင်းဖြစ်ပါတယ်။ ဒီလိုအသင်းကို နယ်သာလန်လိဂ်မှာ အေဂျက်အား ၂၄ မှတ်ဖြတ် ချန်ပီယံဖြစ်အောင် အန်းစလော့က ဦးဆောင်ခဲ့တာပါ။

လက်ရှိ မန်ချက်စတာ ယူနိုက်တက်နည်းပြ တန်ဟက်က အေဂျက်နဲ့အတူ အမှတ်ပေးဖလားရတဲ့ နှစ်တုန်းကလည်း တစ်နှစ်တာ အကောင်းဆုံး မန်နေဂျာဆုကိုတော့ အန်းစလော့က ကျော်ဖြတ် အနိုင်ရခဲ့ဖူးတာကြောင့် သူ့ရဲ့ အရည်အချင်းက ပေါ့သေးသေးတော့ မဟုတ်ပါဘူး။

လိစ်ဒ်ယူနိုက်တက်က ၂၀၂၃ မှာ အန်းစလော့ကို ချိတ်ဆက်ပေမယ့် ငြင်းဆန်ခံခဲ့ရဖူးပါတယ်။ မနှစ်ကနွေမှာလည်း စပါးအသင်းက အန်းစလော့ကို ခေါ်ယူဖို့ ကြိုးစားပေမယ့် ငြင်းဆန်ခံခဲ့ရတယ်။

လီဗာပူးအသင်းက ဒီနွေမှာ အန်းစလော့ကို ခေါ်ယူနိုင်ဖို့ အတော် ရေပန်းစားလာပေမယ့် ကလပ်နှစ်သင်းကြား လျော်ကြေး ကိစ္စ ဆွေးနွေးမှုတွေပါ ပြုလုပ်နေပြီ ဖြစ်ကာ အတည် ခန့်အပ်နိုင်ဖို့ အတော်လေး နီးစပ်နေပါပြီ။