ဗန်ဒီဘိခ် ယူနိုက်တက်အတွက် ယူဆောင်ပေးမှာတွေ တန်းစီရွတ်ပြလိုက်တဲ့ ဖာဒီနန်

ဒီနွေ ပထမဆုံး ခေါ်ယူမှု အဖြစ် အေဂျက်အသင်းထံကနေ ယူနိုက်တက် ခေါ်ယူလိုက်တဲ့ ကွင်းလယ်ကြယ်ပွင့် ဗန်ဒီဘိခ်က အသင်းအတွက် ဘယ်လို အရာတွေ ယူဆောင်ပေးလာမလဲ ဆိုတာကို ဖာဒီနန်က သူ့ရဲ့ယူကျူ့ကနေ တန်းစီ ရွတ်ပြလိုက်ပါတယ်။ ဖာဒီနန်က ဗန်ဒီဘိခ်နဲ့ ဘရူနို ဖာနန်ဒက်စ်တို့ တွဲလာမယ့် ကွင်းလယ်ကို ရင်ခုန်နေပါတယ်။

” သူ (ဗန်ဒီဘိခ်) က ယူနိုက်တက် အသင်းအတွက် ဒီလူစာရင်း အတွက် ဘာတွေ ယူဆောင်ပေးနိုင်မလဲ ကြည့်ရအောင်။ သူက သွင်းဂိုးတွေ ဂိုးထောက်ပံ့မှုတွေ ယူလာမယ်။ သူက ပြိုင်ဘက် ဧရိယာထဲ လွန်းထိုး ပြေးလွှားနိုင်တယ်။

အလုပ် ကျင့်ဝတ်ကောင်းလည်း ရှိတယ်။ မယုံနိုင်လောက်စရာ ဘောလုံး ဦးနှောက်လည်း ရှိတယ်။ အေဂျက် အသင်းသား ဖြစ်လို့ ဘောလုံးကို ဘယ်လို မှန်မှန် ကန်ကန် ကစားရမလဲ လဲ သိတယ်။

ကျနော့် အသင်းဖော်ဟောင်း ဖြစ်တဲ့ ဗန်ဒါဆားရေ။ မင်း ဒီပို့စ်ကို မြင်မလားပဲ။ ကျနော် ဗန်ဒီဘိခ် ဒီလာနေပြီ ပြောတော့ သူ့မှာ ငိုမဲ့မဲ့နဲ့။ သူက မပျော်နိုင်ဘူးလေ။ ဒါပေမယ့် သူ့ကို လက်လွှတ်ရမယ် ဆိုတာ ဗန်ဒါဆားလည်း သဘောပေါက်ပါတယ်။ ဗန်ဒီဘိခ်ရဲ့ အဆင့် အတန်းနဲ့ အရည်အချင်းကောင်းတွေ သူလည်း သိတယ်။

ဗန်ဒီဘိခ်ကို ဘရူနို ဖာနန်ဒက်စ်နဲ့ တွဲကစားတာသာ မြင်ကြည့်လိုက်စမ်းပါ။ ဘယ်လောက် ရင်ခုန်ဖို့ ကောင်းသလဲ။ ပြီးခဲ့တဲ့ နှစ်ရာသီလောက် အတွင်း အချက်အလက်တွေနဲ့ ပရီးမီးယားလိဂ် ကွင်းလယ်တွေနဲ့ ယှဉ်ကြည့်မယ်ဆို သူ ဘယ်အဆင့်လောက်လို့ ထင်သလဲ။

မှန်းကြည့်ရုံဆို ၇-၈ လောက် ထင်ပေမယ့် သူက ဒီဘရိုင်းနောက် ဒုတိယ နေရာမှာ ရှိပါမယ်။ ဒါက မယုံနိုင်စရာပါ။ ဒီဘရိုင်းကတော့ ကမ္ဘာ့အကောင်းဆုံး တစ်ယောက် ဖြစ်တယ်။ သူ့မှာ အသင်းဖော် လူကောင်းတွေ အများကြီး ရှိတယ်။ ” လို့ ဖာဒီနန်က ပြောဆိုခဲ့ပါတယ်။

Zawgyi – ဒီေႏြ ပထမဆံုး ေခၚယူမႈ အျဖစ္ ေအဂ်က္အသင္းထံကေန ယူနိုက္တက္ ေခၚယူလိုက္တဲ့ ကြင္းလယ္ၾကယ္ပြင့္ ဗန္ဒီဘိခ္က အသင္းအတြက္ ဘယ္လို အရာေတြ ယူေဆာင္ေပးလာမလဲ ဆိုတာကို ဖာဒီနန္က သူ႔ရဲ႕ယူက်ဴ႕ကေန တန္းစီ ရြတ္ျပလိုက္ပါတယ္။ ဖာဒီနန္က ဗန္ဒီဘိခ္နဲ႕ ဘရူနို ဖာနန္ဒက္စ္တို႔ တြဲလာမယ့္ ကြင္းလယ္ကို ရင္ခုန္ေနပါတယ္။

” သူ (ဗန္ဒီဘိခ္) က ယူနိုက္တက္ အသင္းအတြက္ ဒီလူစာရင္း အတြက္ ဘာေတြ ယူေဆာင္ေပးနုိင္မလဲ ၾကည့္ရေအာင္။ သူက သြင္းဂိုးေတြ ဂိုးေထာက္ပံ့မႈေတြ ယူလာမယ္။ သူက ျပိဳင္ဘက္ ဧရိယာထဲ လြန္းထိုး ေျပးလႊားနုိင္တယ္။

အလုပ္ က်င့္၀တ္ေကာင္းလည္း ရွိတယ္။ မယံုနိုင္ေလာက္စရာ ေဘာလံုး ဦးေနွာက္လည္း ရွိတယ္။ ေအဂ်က္ အသင္းသား ျဖစ္လို႔ ေဘာလံုးကို ဘယ္လို မွန္မွန္ ကန္ကန္ ကစားရမလဲ လဲ သိတယ္။

က်ေနာ့္ အသင္းေဖာ္ေဟာင္း ျဖစ္တဲ့ ဗန္ဒါဆားေရ။ မင္း ဒီပို႔စ္ကို ျမင္မလားပဲ။ က်ေနာ္ ဗန္ဒီဘိခ္ ဒီလာေနျပီ ေျပာေတာ့ သူ႔မွာ ငိုမဲ့မဲ့နဲ႕။ သူက မေပ်ာ္နုိင္ဘူးေလ။ ဒါေပမယ့္ သူ႔ကို လက္လႊတ္ရမယ္ ဆိုတာ ဗန္ဒါဆားလည္း သေဘာေပါက္ပါတယ္။ ဗန္ဒီဘိခ္ရဲ႕ အဆင့္ အတန္းနဲ႕ အရည္အခ်င္းေကာင္းေတြ သူလည္း သိတယ္။

ဗန္ဒီဘိခ္ကို ဘရူနို ဖာနန္ဒက္စ္နဲ႕ တြဲကစားတာသာ ျမင္ၾကည့္လိုက္စမ္းပါ။ ဘယ္ေလာက္ ရင္ခုန္ဖို႔ ေကာင္းသလဲ။ ျပီးခဲ့တဲ့ နွစ္ရာသီေလာက္ အတြင္း အခ်က္အလက္ေတြနဲ႕ ပရီးမီးယားလိဂ္ ကြင္းလယ္ေတြနဲ႕ ယွဥ္ၾကည့္မယ္ဆို သူ ဘယ္အဆင့္ေလာက္လို႔ ထင္သလဲ။

မွန္းၾကည့္ရံုဆို ၇-၈ ေလာက္ ထင္ေပမယ့္ သူက ဒီဘရိုင္းေနာက္ ဒုတိယ ေနရာမွာ ရွိပါမယ္။ ဒါက မယံုနုိင္စရာပါ။ ဒီဘရိုင္းကေတာ့ ကမၻာ့အေကာငး္ဆံုး တစ္ေယာက္ ျဖစ္တယ္။ သူ႔မွာ အသင္းေဖာ္ လူေကာင္းေတြ အမ်ားၾကီး ရွိတယ္။ ” လို႔ ဖာဒီနန္က ေျပာဆုိခဲ့ပါတယ္။