နည်းပြ အာတီတာရဲ့ အာဆင်နယ် အသင်းဟာ ဒီရာသီ ချန်ပီယံလိဂ်ကနေ ထွက်ခဲ့ရပေမယ့် ပရီးမီးယားလိဂ်မှာတော့ ၂၀၂၄ ခုနှစ်အတွင်း ၁ ပွဲပဲ အရေးနိမ့်သေးကာ အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။
ပရီးမီးယားလိဂ် ချန်ပီယံ လမ်းကြောင်းမှာလည်း လီဗာပူးက အားနည်းသွားခဲ့ပြီ ဖြစ်ရာ မန်စီးတီး တစ်သင်းကိုသာ အာရုံထားရမှာ ဖြစ်ပေမယ့် ဂန်းနားတို့က လက်ရှိ ဇယားထိပ်ကနေ ဖိအားပေးနေတာ ဖြစ်ပါတယ်။
နှစ်သစ်ကို ကူးပြောင်းလာခဲ့ကတည်းက အာဆင်နယ် အသင်းဟာ အရှိန်ကောင်းရလာနေခဲ့တယ်။ ဒါဟာလည်း ကိုင်ဟာဗက်ရဲ့ အာဆင်နယ်အသင်း ကစားဟန်အပေါ် သက်ရောက်မှု ကြီးမားလာခြင်းနဲ့ သက်ဆိုင်ပါတယ်။
ရာသီစ တာထွက်ညံ့ခဲ့ပေမယ့် အခုဆိုရင် အာဆင်နယ်အသင်းတွင်းမှာ ကိုင် ဟာဗက်ရဲ့ အဖိုးတန်မှုကို ကောင်းကောင်းကြီး နားလည်နေကြပြီ ဖြစ်ပါတယ်။
“ ကိုင်ဟာဗက်ရဲ့ ကောင်းမွန်မှုတွေကို မြင်တွေ့လာရပါပြီ။ ဟာဗက်က အာတီတာရဲ့ တောင်းဆိုမှုနဲ့ နည်းစနစ်ကို နားလည်ပြီး သက်ရောက်မှုကောင်းတွေ ပြသနေပါတယ်။
အခုဆိုရင် အာဆင်နယ်အသင်းတွင်းမှာ ဟာဗက်အကြောင်း အတော်လေးကို ချီးကျူးနေကြတယ်။ ” လို့ သတင်းထောက် Ornstein က ဖော်ထုတ်ခဲ့တာဖြစ်ပါတယ်။
ကိုင်ဟာဗက် ဟာ ရာသီအစမှာ ဝေဖန်မှုတွေ ခံယူခဲ့ရပေမယ့် အာဆင်နယ် အသင်းမှာ အဓိက ကစားသမား တစ်ဦး အဖြစ် အံဝင်လာနေပါတယ်။