ချယ်ဆီးအသင်းကတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၃၈၊ နောက်ဆုံးပွဲမှာ ဘုန်းမောက် အသင်းနဲ့ တွေ့နေပြီး အိမ်ကွင်း စတန်းဖို့ဘရစ်ချ်မှာ ဧည့်ခံ ကစားမှာ ဖြစ်ပါတယ်။ ပွဲကတော့ တနင်္ဂနွေည ၉နာရီခွဲ အချိန်မှာ ယှဉ်ပြိုင်ကြမှာပါ။
ဘောလုံးပွဲတွေ အပတ်စဉ် သုံးသပ်နေကြ ဝါရင့်ကြီး ပေါမာဆန် ကတော့ ချယ်ဆီး – ဘုန်းမောက် ပွဲအတွက် အခုလို သုံးသပ် ခန့်မှန်းထားပြီ ဖြစ်ပါတယ်။
” ချယ်ဆီးက နောက်ရာသီ ယူရိုပါလိဂ်မှာ ပါဝင်နိုင်မယ့် အခွင့်အရေး ရလောက်တဲ့ထိ တိုးတက်လာပါတယ်။ နွေမှာတော့ သူတို့တွေ ဝါရင့် ကစားသမား အချို့ကို ခေါ်ယူပြီး နောက်ရာသီအတွက် တိုးတက်လာအောင် လုပ်ဖို့ မျှော်လင့်ပါတယ်။
သူတို့က အခြားအသင်းတွေနဲ့ မိုင်ပေါင်း အများကြီး ပြတ်ကျန်နေတာ မဟုတ်ပါဘူး။ နောက်ရာသီမှာလည်း ထိပ်ဆုံး ၄ သင်းကနေ ၆ သင်းနေရာအတွက် သူတို့ ပြိုင်ဆိုင်နိုင်သင့်ပါတယ်။ ဖလားစိန်ခေါ်နိုင်မယ်တော့ ကျနော် မထင်သေးပါဘူး။
ဘုန်းမောက်က အန္တရာယ်များတဲ့ အသင်းပါ။ ဒါပေမယ့် ချယ်ဆီးက ပုံစံကောင်းရနေတာမို့ ဒီပွဲကို အနိုင်ရသွားသင့်ပါတယ်။ ” လို့ မာဆန်က သုံးသပ်ထားပါတယ်။
ပေါမာဆန် ခန့်မှန်းရလဒ် ကတော့ ချယ်ဆီး ၃-၁ ဘုန်းမောက် ဖြစ်ပါတယ်။