ပါလ်မာ ပြန်ဝင်လာတဲ့ ချယ်ဆီး ဘာပိုထူးမလဲ၊ ဗီလာနဲ့ ပွဲအတွက် ပေါမာဆန်ရဲ့ ပွဲကြို သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်

ချယ်ဆီးအသင်းဟာ ဒီတပတ် ပရီးမီးယားလိဂ်မှာတော့ နောက်ထပ် ခက်ခဲ့တဲ့ ပြိုင်ဘက် ဖြစ်တဲ့ အက်စတွန်ဗီလာ နဲ့ တွေ့နေပြီး အဝေးကွင်း သွားရောက် ရင်ဆိုင်ရမှာပါ။ ပွဲကတော့ မနက်ဖြန် စနေနေ့ည ၁ နာရီခွဲ အချိန်မှာ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။

ချယ်ဆီးက ကြားရက်က အာဆင်နယ်နဲ့ လန်ဒန် ဒါဘီပွဲမှာ ၅ဂိုးပြတ်ထိ ရှုံးလိုက်တာကြောင့် နည်းပြ ပိုချက်တီနို အတွက် အတော် ဖိအားများသွားပါတယ်။

အဲဒီပွဲမှာ ချယ်ဆီးဘက်က အားထားရတဲ့ ကိုးလ် ပါလ်မာ ဖျားနေတာကြောင့် မပါဝင်ခဲ့ပေမယ့် ဒီတပတ် ဗီလာနဲ့ ပွဲမှာတော့ ပါလ်မာ ပြန် ပါဝင်မယ်လို့ သိရပါတယ်။

ဘောလုံးပွဲတွေ အပတ်စဉ် သုံးသပ်နေကြ ဂန်းနားဟောင်းကြီး ပေါမာဆန်က အက်စတွန် ဗီလာ – ချယ်ဆီး ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” ဒီပွဲမှာ အက်စတွန်ဗီလာ နိုင်ပွဲရမှာကလွဲလို့ အခြားရလဒ် မမြင်ပါဘူး။ ၃ မှတ်ရလိုက်ခြင်းက သူတို့ကို နောက်ရာသီ ချန်ပီယံလိဂ် ဝင်ဖို့ရာ ခြေတစ်လှမ်း ပိုနီးစပ်စေပါလိမ့်မယ်။

ကြားရက်တုန်းက ချယ်ဆီးဟာ အာဆင်နယ်ကို ကြီးကြီးမားမား ရှုံးနိမ့်ခဲ့ပြီး ပါလ်မာ ပြန်လာခဲ့ရင်တောင်မှပဲ သူတို့ ပြန်ပြီး တိုက်ခိုက်နိုင်မယ် မမြင်ပါဘူး။ “လို့ မာဆန် က သုံးသပ်ထားပါတယ်။

ပေါမာဆန် ခန့်မှန်းရလဒ် ကတော့ အက်စတွန်ဗီလာ ၃-၁ ချယ်ဆီး ဖြစ်ပါတယ်။