ချယ်ဆီးအသင်းဟာ ဒီတပတ် ပရီးမီးယားလိဂ်မှာတောအက်စတွန်ဗီလာ နဲ့ တွေ့နေပြီး အဝေးကွင်း သွားရောက် ရင်ဆိုင်ရမှာပါ။ ပွဲကတော့ ဒီနေ့ စနေနေ့ည ၁ နာရီခွဲ အချိန်မှာ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။
ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ခရစ်ဆက်တန် က အက်စတွန် ဗီလာ – ချယ်ဆီး ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။
” ချယ်ဆီးက ဒီရာသီ မန်စီးတီးနဲ့ တွေ့တဲ့ ၃ ပွဲလုံးမှာ ဘယ်လိုတောင် ဖိအားပေး ယှဉ်နိုင်ခဲ့သလဲ ဆိုတာ ကျွန်တော် နားမလည်နိုင်အောင် ဖြစ်ရတယ်။ အင်္ဂါနေ့က အာဆင်နယ်ကို သူတို့ ယှဉ်ကစားသွားတဲ့ ခြေစွမ်းကို မြင်ရတာ အံ့သြစရာပဲ။
လက်ကျန်ပွဲတွေမှာ ဘယ်လိုပဲ ဖြစ်ဖြစ် သူတို့ နည်းပြ ပိုချက်တီနို နဲ့ပဲ ဆက်သွားသင့်တယ်လို့ ကျွနေ်တာ်ကတော့ ထင်တယ်။
ချယ်ဆီးက ဖေဖော်ဝါရီလတုန်းက ဗီလာပါ့ခ်မှာ အက်ဖ်အေပွဲ နိုင်ခဲ့တယ်။ တကယ်တော့ ဒီပွဲမှာ ချယ်ဆီး အသင်းဆီက တုန့်ပြန်လာတာကို ကျွန်တော် မျှော်လင့်နေတယ်။ ဒါပေမယ့် တဖက်မှာ အက်စတွန်ဗီလာကလည်း သိပ် ကောင်းလွန်းနေတယ်။
တော့တင်ဟမ်က လက်ကျန်ပွဲတွေကို နိုင်မယ် ဆိုရင် အမ်မရီရဲ့ အသင်းကို ကျော်ပြီး အဆင့် ၄ နေရာ ရသွားနိုင်တယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ဗီလာ အနေအထားကို ပိုကြိုက်တယ်။ သူတို့က အရှိန်ကောင်း ရနေပြီး ယုံကြည်မှုကလည်း အပြည့်ပဲ။” လို့ ဆက်တန်က သုံးသပ်ထားပါတယ်။
ခရစ်ဆက်တန် ရဲ့ ပွဲ ခန့်မှန်းရလဒ် ကတော့ အက်စတွန်ဗီလာ ၂-၁ ချယ်ဆီး ဖြစ်ပါတယ်။