ဖိအားရှိလေ ပိုကောင်းလေ ဆိုတဲ့ မန်စီးတီး အသင်းက နော်တင်ဟမ် ဖောရက်စ်ကို ဘယ်နှဂိုး သွင်းမလဲ ပေါမာဆန် သုံးသပ်ချက်

မန်စီးတီးအသင်းကတော့ ဒီအပတ် ပရီးမီးယားလိဂ်မှာ နော်တင်ဟမ် ဖောရက်စ်နဲ့ တွေ့နေပြီး အဝေးကွင်း သွားရောက် ရင်ဆိုင်ရမှာပါ။ ပွဲကတော့ မနက်ဖြန် တနင်္ဂနွေနေ့ ည ၁ဝ နာရီ အချိန်မှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

ဘောလုံးပွဲတွေ အပတ်စဉ် သုံးသပ်နေကြ ဂန်းနားဟောင်းကြီး ပေါမာဆန်ကတော့ ဖောရက်စ်နဲ့ မန်စီးတီး ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” အာဆင်နယ် ထပ်ပြီး နိုင်သွားရင် စီးတီးတို့ ဖိအားဝင်သွားတော့မှာပါ။ ဂွာဒီယိုလာနဲ့ သူ့ရဲ့ အသင်းက ဖိအားဝင်လာလေ ပိုကောင်းလာလေပါ။ ဟာလန်း မပါဘဲကို သူတို့က ဘရိုက်တန်ကို ၄-၀ နဲ့ အနိုင်ယူပြခဲ့ပါတယ်။

ဖောရက်စ်က အိမ်ကွင်းမှာ ကြီး ၆ ကြီး အသင်းတွေကို ရင်ဆိုင်ပြီး ရလဒ် မကောင်းထားပါဘူး။ ဒါကြောင့် သူတို့ စီးတီးကို နိုင်မှာ မဟုတ်ပါဘူး။ ဟာလန်း မပါရင် စီးတီးက ပိုကောင်းတဲ့အသင်းဖြစ်ပြီး ပိုပြီး လွှမ်းမိုး ကစားနိုင်ပါတယ်။

ဘောလုံးရာသီ ပိတ်သိမ်းဖို့ ၄ ပွဲဝန်းကျင်ပဲ ကျန်ရှိတော့ချိန် မန်စီးတီးတို့ နောက်ထပ် ၁ ပွဲကို ရှုံးသွားမယ် မထင်ပါဘူး။ သူတို့ပဲ ဒီရာသီမှာ ချန်ပီယံ ထပ်ဖြစ်လာမှာပါ။ ” လို့ မာဆန် က သုံးသပ်ထားပါတယ်။

ပေါမာဆန် ခန့်မှန်းရလဒ် ကတော့ နော်တင်ဟမ် ဖောရက်စ် ဝ-၃ မန်စီးတီး ဖြစ်ပါတယ်။