ဒီနေ့ညမှာတော့ ပရီးမီးယားလိဂ်ရဲ့ စူပါဆန်းဒေး ပွဲစဉ် အဖြစ် တော့တင်ဟမ် စပါးနဲ့ အာဆင်နယ်တို့ ထိပ်တိုက်တွေ့တဲ့ လန်ဒန်ဒါဘီ ပွဲကောင်း ရှိနေပါတယ်။ ပွဲကတော့ ဒီတနင်္ဂနွေည ၇နာရီခွဲ အချိန်မှာ ယှဉ်ပြိုင်ကြမှာပါ။
ဘောလုံးပွဲတွေ အပတ်စဉ် သုံးသပ်နေကြ ပေါမာဆန်ကြီးက စပါး – အာဆင်နယ် ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။
” ဒီရာသီ အိမ်ကွင်းမှာ စပါးတို့ သိပ်ကောင်းနေပေမယ့် နောက်ဆုံး ကစားခဲ့တဲ့ ၁၀ ပွဲကို ကြည့်မယ်ဆိုရင် ဇယားထက်ဝက်အောက်က အသင်းနဲ့က ၉ ပွဲတွေ့ထားတာပါ။ မန်စီးတီး တစ်သင်းပဲ ထိပ်ဆုံးအသင်းအဖြစ် ပါဝင်ခဲ့ပြီး သူတို့ ရှုံးခဲ့ပါတယ်။
ဒီပွဲမှာလည်း စပါးတို့ အနိုင်ရမယ် မထင်ပါဘူး။ အာဆင်နယ်က ပိုကောင်းတဲ့ ဘောလုံးကို ကစားနေတာဖြစ်တာမို့ ဒီပွဲကို ဂန်းနားတို့ မနိုင်ခဲ့ရင် ကျနော် ရှော့ရပါလိမ့်မယ်။ အက်စတွန်ဗီလာကို ရှုံးခဲ့တုန်းက အာဆင်နယ်ဟာ ဟာဗက်ကို ကွင်းလယ်ပို့ခဲ့တယ်။ အဲ့အပြောင်းအလဲက အထိနာစေခဲ့ပါတယ်။
ဒီအပတ်တွေမှာ ဟာဗက်ဇ်က တိုက်စစ်မှာ ပြန်လည် ပါဝင်နေပြီး ကွင်းလယ်မှာ ပါတေး၊ ရိုက်စ်နဲ့ အိုဒီဂတ်တို့ကို ထုတ်သုံးနေတာပါ။ ဒီအတွဲဟာ ရာသီကုန်ထိ ဆက်သုံးရမှာပါ။ ” လို့ မာဆန်က သုံးသပ်ထားပါတယ်။
ပေါမာဆန် ခန့်မှန်းရလဒ်တော့ တော့တင်ဟမ် စပါး ၁-၃ အာဆင်နယ် ဖြစ်ပါတယ်။