မနေ့ညက အဝေးကွင်းမှာ နော်တင်ဟမ် ဖောရက်စ်ကို ၂-၀ နဲ့ အနိုင်ရခဲ့ပေမယ့် စီးတီး နည်းပြ ပက် ဂွာဒီယိုလာက သူတို့အသင်းဟာ ပရီးမီးယားလိဂ် ဖလားနဲ့ လွဲနိုင်သေးတယ်လို့ သတိပေးလိုက်ပြီး နောက်ထပ် ၁ ပတ် အသက်ဆက်ခဲ့ပြန်ပြီလို့ ပြောဆိုလိုက်ပါတယ်။
အာဆင်နယ်က စပါးကို ၂-၃ ဖြင့် အနိုင်ရခဲ့ပြီးနောက်မှာ မန်စီးတီးကလည်း သူတို့ပွဲကို အနိုင်ရခဲ့တာကြောင့် ၂ သင်းကြား ရမှတ် ကွာဟချက်က ၁ မှတ်ပဲ ကျန်ရှိတာ ဖြစ်ပါတယ်။ စီးတီးတို့က လက်ကျန် ၁ ပွဲ ကစားဖို့ ရှိနေသေးကာ အနိုင်ရရင် ဇယားထိပ်ကို ပြန်ယူသွားမှာပါ။
ဂွာဒီယိုလာက ” ၄ ပွဲ ကစားဖို့ ကျန်ရှိတာက တောင်တက်ရသလိုပါပဲ။ အဲ့ပွဲတွေက သိပ်ကို ခက်ခဲတဲ့ပွဲတွေ ဖြစ်လာမှာပါ။ တစ်ခုတည်းသော ကိစ္စက ကိုယ့်အခွင့်အရေးကို ကိုယ်တိုင် ဆုပ်ကိုင်ထားဖို့ နောက်ထပ် ၁ ပတ် ထပ်တိုးလာတာပါပဲ။
တစ်ပွဲလောက် သရေကျတာနဲ့ ကျနော်တို့ ပရီးမီးယားလိဂ်ဖလား အနိုင်ရတော့မှာ မဟုတ်ပါဘူး။ ခက်ခဲတဲ့ ပွဲတစ်ပွဲကို ကစားခြင်းနဲ့အတူ ဒါကို ကိုယ့်လက်ထဲမှာ ရှိနေတဲ့ အခွင့်အရေးကို ဆက်လက် ဆုပ်ကိုင်ထားနိုင်ခဲ့တယ်။
အခုကတော့ အနည်းငယ် အနားယူမယ်၊ နောက်ပွဲအတွက် ပြင်ဆင်သွားပါမယ် ” လို့ ဂွာဒီယိုလာက ထုတ်ဖော် ပြောဆို ခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီးဟာ လာမယ့် ၄ ပွဲထဲမှာ ၃ ပွဲက လန်ဒန်ကလပ်တွေအဖြစ် ဖူလ်ဟမ်၊ စပါး၊ ဝက်စ်ဟမ်းတို့နဲ့ ထိပ်တိုက်တွေ့မှာ ဖြစ်ပါတယ်။ လန်ဒန်မြို့ခံ ကလပ်တွေကတော့ အာဆင်နယ် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်မှာထက် စီးတီး ရသွားတာကို ပို လိုလားဖွယ် ရှိပါတယ်။