သူ့ အပေါ် ဝေဖန်နေကြတဲ့ ရွိုင်ကိန်းနဲ့ အင်္ဂလန် ဆရာကြီးတွေကို ဒီကလန်ရိုက်စ် တုန့်ပြန်လာပါပြီ

ဒီကလန်ရိုက်စ် ဂိုကးမသွင်းနိုင်ဘူးလို့ ရွိုင်ကိန်း အပါအဝင် အင်္ဂလန် သုံးသပ်သူတွေ ဝေဖန်ခဲ့ကြမှုအပေါ် အာဆင်နယ် ကွင်းလယ် ကစားသမား ရိုက်စ်ဘက်က တုန့်ပြန်လာပြီ ဖြစ်ပါတယ်။

ဒီရာသီ အာဆင်နယ်အတွက် ပြိုင်ပွဲစုံ ၄၆ ပွဲ ကစားပေးရာမှာ ကိုယ်တိုင် ၆ ဂိုးပဲ သွင်းထားနိုင်တဲ့ ရိုက်စ်ရဲ့ ဂိုးသွင်းနှုန်းကို ဘောလုံးသမားဟောင်းတွေက ဝေဖန်ခဲ့တာပါ။

ရိုက်စ် ကတော့ သူတို့တုန်းကလည်း ဂိုးမသွင်းနိုင်ကြကြောင်းနဲ့ လူတွေက ဂိုးသွင်းလို့ သူတို့ကို မှတ်မိတာ မဟုတ်ဘဲ ကွင်းလယ်မှာ ပြသတဲ့ ခြေစွမ်းကြောင့် မှတ်မိကြတာလို့ အခုလို ပြောလာခဲ့ပါတယ်။

ဂိုးမသွင်းနိုင်လို့ ဝေဖန်နေကြတဲ့အပေါ် ဒီကလန် ရိုက်စ်က ” မဟုတ်ပါဘူး၊ မဆိုင်ပါဘူး။ ရိုင်ကိန်း၊ ဆောင်းနက်၊ ရက်နပ် အစရှိတဲ့သူတွေက ကျနော်ရဲ့ ဂိုးသွင်းမှု စွမ်းရည်အကြောင်း ပြောကြတယ်။ သူတို့ရဲ့ ကစားသမားဘဝ ပြန်ကြည့်လိုက်ရင် ဂိုး ၁၀၀ လောက် သွင်းခဲ့ကြတာ မဟုတ်ပါဘူး။

ဒါပေမယ့် လူတွေက သူတို့ ကွင်းလယ်လူအဖြစ် ဘယ်လို ကစားခဲ့ကြလဲ ဆိုတဲ့အပေါ် မှတ်မိနေကြပါတယ်။

ရွိုင်ကိန်းက ပြိုင်ဘက်တွေရဲ့ ကစားကွက်ကို ဖျက်ဆီးတဲ့ မာမာထန်ထန် ကွင်းလယ်လူ တစ်ဦးပါပဲ။ သူက ယူနိုက်တက်နဲ့ ဆုဖလား အများကြီး အောင်မြင်ခဲ့ပါတယ်။ ဆောင်းနက်ဆိုလည်း အတူတူပဲ။

ဂိုးတွေအကြောင်း ဘယ်သူက စကားစလာတာလဲတော့ မသိဘူး။ ကျနော် ဂိုးတွေသွင်းရင်လည်း ဘယ်သူမှ ဒီအကြောင်း မပြောပါဘူး ” လို့ တုန့်ပြန်ခဲ့တာ ဖြစ်ပါတယ်။