မန်စီးတီး အသင်းကတော့ ဒီအပတ် ပရီးမီးယားလိဂ်မှာ ဝုဗ် အသင်းနဲ့ တွေ့ဆုံနေပြီး အိမ်ကွင်း အီတီဟက်မှာ ဧည့်ခံ ကစားမှာပါ။ ပွဲကတော့ မနက်ဖြန် စနေနေ့ ည ၁၁ နာရီ အချိန်မှာ ဖြစ်ပါတယ်။
ဘောလုံးပွဲတွေ အပတ်စဉ် သုံးသပ်နေကြ ဂန်းနားဟောင်းကြီး ပေါမာဆန်က မန်ချက်စတာ စီးတီး – ဝုဗ် ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။
” မန်စီးတီး အနိုင်ကလွဲလို့ အခြားရလဒ် မမြင်မိပါဘူး။ ဝုဗ် မှာက ဒဏ်ရာ ပြဿနာတွေ သိပ်များလွန်းနေပါတယ်။ စီးတီးတို့ကတော့ သူတို့ ကစားရမယ့် ပွဲတွေ အားလုံးကို အနိုင်ယူပြီး ပြည်တွင်းချန်ပီယံဖြစ်လာရေးပါပဲ။
ဒဏ်ရာကနေ ပြန်သက်သာလာတဲ့နောက် ဟာလန်းက ပွဲထွက်လူစာရင်းထဲ ပါလာမလား ကြည့်ရပါမယ်။
တိုက်စစ် ၃ ယောက်တန်းအဖြစ် အဲဗာရက်စ်၊ ဖိုဒန်၊ ဂရီလစ်တို့ ပါလို့ရမယ် ထင်ပါတယ်။ ဟာလန်း ပြန်သက်သာ လာပေမယ့် သူ့ကို အရန်ကနေပဲ ထုတ်သုံးမယ်လို့ ထင်ပါတယ်။ ” လို့ မာဆန် သုံးသပ်ထားပါတယ်။
ပေါမာဆန်ရဲ့ ပွဲ ခန့်မှန်းရလဒ် ကတော့ မန်စီးတီး ၃-ဝ ဝုဗ် ဖြစ်ပါတယ်။