အဝေးကွင်း သွားပြီး ပဲလေ့စ်ကို ရင်ဆိုင်မယ့် ပွဲ မန်ယူ ရှုံးမယ် ဆိုတဲ့ ပေါမာဆန်ကြီးရဲ့ ခပ်ရဲရဲ သုံးသပ်ခန့်မှန်းချက်

မန်ချက်စတာ ယူနိုက်တက် က ဒီအပတ် ပရီးမီးယားလိဂ်မှာ ခရစ္စတယ်ပဲလေ့စ် အသင်းနဲ့ တွေ့ဆုံနေပြီး အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာပါ။ ပွဲချိန်ကတော့ လာမယ့် အင်္ဂါနေ့ နံနက် ၁နာရီခွဲ အချိန်မှာ ဖြစ်ပါတယ်။

ဘောလုံးပွဲတွေ အပတ်စဉ် သုံးသပ်နေကြ ဂန်းနားဟောင်းကြီး ပေါမာဆန်က ခရစ္စတယ်ပဲလေ့စ် – မန်ချက်စတာ ယူနိုက်တက် ပွဲစဉ် အတွက် ကြိုတင် သုံးသပ် ခန့်မှန်းချက် ထုတ်လာပါတယ်။ ပေါမာဆန်ကတော့ ဒီပွဲမှာ ယူနိုက်တက် အရှုံးလို့ ခန့်မှန်းထားပါတယ်။

ပေါမာဆန်က ” Eze နဲ့ Olise ကြံ့ခိုင်မှု ပြည့်နေရင် ပဲလေစ့်က ယူနိုက်တက်ကို အနိုင်ယူနိုင်စွမ်း ရှိပါတယ်။ ဒီတလော သရဲနီတို့ရဲ့ ပွဲတွေကို ကြည့်မိသူတိုင်း ကျနော် ပြောတာကို လက်ခံကြမယ် ထင်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က အသင်းကြီးဆိုပေမယ့် သိပ်ကောင်းနေတဲ့ အသင်းတော့ မဟုတ်ပါဘူး။ သူတို့လို အနေအထားနဲ့ သင့်လျော်တဲ့ အသင်းတစ်သင်း အခြေအနေမှာ ရှိမနေပါဘူး။ ဒီပွဲကို ယူနိုက်တက်တို့ အနိုင်ရရင် အံ့ဩမိမှာပါပဲ။

ယူနိုက်တက်ဟာ ဒီနွေမှာ ရက်ဖိုဒ့်ကို ရှင်းထုတ်မယ် သတင်းကြီးနေတယ်။ သူ့အတွက် ကလပ်တွေက များပြားတဲ့ ပြောင်းရွှေ့ကြေး ပေးမယ် မထင်ပါဘူး။ ဒီနွေမှာ သူ့ရဲ့ အပြောင်းအရွှေ့ ဖြစ်မယ် မထင်မိပါဘူး။” လို့ သုံးသပ် ထားတာ ဖြစ်ပါတယ်။

ပေါမာဆန် ခန့်မှန်းရလဒ် ကတော့ ခရစ္စတယ် ပဲလေစ့် ၂-၁ မန်ချက်စတာ ယူနိုက်တက် ဖြစ်ပါတယ်။