စနေည အမ်းမရိတ်မှာ ဘုန်းမောက်ကို ဧည့်ခံတဲ့ ပွဲ၊ အာဆင်နယ်တို့ ဘယ်နှဂိုးထိ ပြတ်နိုင်မလဲ ခရစ်ဆက်တန်ရဲ့ သုံးသပ်ခန့်မှန်းချက်

နည်းပြ အာတီတာရဲ့ အာဆင်နယ် အသင်းဟာ ဒီတပတ် ပရီးမီးယားလိဂ်မှာ ဘုန်းမောက်နဲ့ တွေ့နေပြီး အိမ်ကွင်း အမ်းမရိတ်မှာ ဧည့်ခံ ကစားမှာပါ။ ပွဲကတော့ မနက်ဖြန် စနေနေ့ ညနေ ၆ နာရီမှာပဲ အစောပိုင်း ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။

ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ခရစ်ဆက်တန် က အာဆင်နယ်နဲ့ ဘုန်းမောက်တို့ ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းလာပါတယ်။

” ဘုန်းမောက်က ဘောလုံးရာသီကို အတောင့်တင်းဆုံးနဲ့ အဆုံးသတ်လိုနေပါတယ်။ သူတို့က ပရီးမီးယားလိဂ်မှာ အရင် ရဖူးတဲ့ စံချိန်တင် ရမှတ်ကို ကျော်ဖြတ်လိုနေတယ်။

နည်းပြ Iraola က ဘုန်းမောက်ရဲ့ အခြေအနေကို ပြောင်းလဲခဲ့ပြီး ဖိအားတွေအောက်ကနေ လွတ်မြောက်လာကာ သံသယဝင်သူတွေကို သက်သေပြခဲ့ပါတယ်။

သူတို့ရဲ့ ဖလားစိန်ခေါ်မှုအတွက် အရေးပါတာကြောင့် အာဆင်နယ် အနိုင်ကလွဲလို့ အခြားရလဒ် မမြင်ပါဘူး။ အာဆင်နယ်က ခြေချော်လို့ မရပါဘူး။ သူတို့ ခြေချော်မှာလည်း မဟုတ်ပါဘူး။ ” လို့ ဆက်တန်က သုံးသပ်ထားပါတယ်။

ခရစ်ဆက်တန် ခန့်မှန်းရလဒ် ကတော့ အာဆင်နယ် ၃-၁ ဘုန်းမောက် ဖြစ်ပါတယ်။