ယနေ့ နံနက်ခင်း ချယ်ဆီး အပြောင်းအရွှေ့ သတင်းတိုများ (06-09-20)

ဒီကလန်ရိုက်စ်ဟာ ချယ်ဆီး နဲ့ ချိတ်ဆက်မှုရှိခဲ့ပေမယ့် ဝက်စ်ဟမ်းက ကွင်းလယ်ခံစစ်ကစားသမားအတွက် ပေါင် သန်း ၇၀ တန်ကြေး သတ်မှတ်ထားတာကြောင့် ချယ်ဆီး တို့ အခက်ကြုံခဲ့ရပြီး ချယ်ဆီးဂန္တဝင် အက်ရှ်လေကိုးလ်ကတော့ ရိုက်စ်ကို ရအောင်ခေါ်ယူပြီး ကွင်းလယ်ကို အကောင်းဆုံး တည်ဆောက်သင့်တယ်လို့ ယုံကြည်နေပါတယ်။

ချယ်ဆီး အသင်းမှ ကန်တေနဲ့ ဂျီရူးတို့ဟာ ညက နေးရှင်းလိဂ် ပွဲစဉ်မှာ ပြင်သစ်အသင်းနဲ့ အတူ ပါဝင်ခဲ့ကြပြီး ဆွီဒင်ကို ၁-ဝနဲ့အနိုင်ရရှိခဲ့ကြပေမယ့် ခရစ္စတန်ဆန်ဟာ ဒိန်းမတ် အသင်းအတွက် မိနစ်၉၀အပြည့်ကစားပေးခဲ့သည့်တိုင် ဘယ်လ်ဂျီယမ်ကို ၂-ဝနဲ့ ရှုံးနိမ့်ခဲ့သလို ကိုဗာဆစ်ရဲ့ခရိုအေးရှားကလဲ လက်ရှိချန်ပီယံ ပေါ်တူဂီကို ၄-၁နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

လမ်းပတ်ဟာ ကစားသမားသစ် ခေါ်ယူမှုများစွာ လုပ်ခဲ့တဲ့နောက် အသင်းအင်အားကို လျှော့ချဖို့ ပြင်ဆင်နေသလို ဒီနွေမှာ ကွင်းလယ်ကြယ်ပွင့် အန်ဂိုလိုကန်တေကို ရောင်းထုတ်ဖို့ ဆန္ဒရှိနေပါတယ်။ မနှစ်က ကန်တေဟာဒဏ်ရာပြဿနာတွေကြောင့် ခက်ခဲတဲ့ကာလတွေကြုံခဲ့ရပြီး ၂၂ပွဲမှာ ၃ဂိုးသွင်းယူပေးခဲ့ပေမယ့် ချယ်ဆီး က အသုံးစရိတ်ကို ပြန်ကာမိစေဖို့ သူ့ကို ရောင်းချလိုနေတာဖြစ်ပါတယ်။

ချယ်ဆီး အသင်းဟာ ဒီနွေရာသီမှာ ကစားသမားသစ်တွေအတွက် အသုံးစရိတ်များစွာ ကုန်ကျခံခဲ့တာနဲ့အတူ နောက်ရာသီမှာ ပရီးမီးယားလိဂ်ဖလားကို စတန်းဖို့ဒ်ဘရစ်ခ်ျထံ ပြန် သယ်ဆောင်လာဖို့အတွက် လမ်းပတ်မှာ အခွင့်အရေးကြီး ရှိနေပြီလို့ နီကိုးလပ်စ် အနယ်ကာက ပြောဆိုခဲ့ပါတယ်။

ဖင်လန်ကို ၁-ဝနဲ့နိုင်ခဲ့တဲ့ပွဲမှာ ဝေးလ်အတွက် ဗဟိုခံစစ်မှာ အီသန်အမ်ပဒူ ခြေစွမ်းပြခဲ့ပေမယ့် သူ့အနေနဲ့ ချယ်ဆီး မှာ ကစားချိန် မရခဲ့တာကြောင့် ကလပ်အဆင့်မှာ သက်သေပြဖို့ ချယ်ဆီး အသင်းကနေ ထွက်ခွာဖို့ကြိုးစားသင့်တယ်လို့ ဝေးလ်နည်းပြ ဂစ်က အကြံပေးခဲ့ပါတယ်။

ချယ်ဆီး ဟာ ၂၀၂၀-၂၀၂၁ ရာသီအတွက် မစ်ချီ ဘတ်ရှူဝါရီကိုအငှားမချထားခင်မှာ ၎င်းကို စာချုပ်သစ် တစ်ရပ် ချုပ်ဆိုနိုင်ဖို့မျှော်လင့်နေပါတယ်။ ချယ်ဆီး က သူ့ကိုနောက်နွေရာသီမှာ အလွတ် မထွက်ခွာစေဖို့အတွက် တစ်ပတ်လုပ်ခ ပေါင် ၁သိန်းတန် စာချုပ်နဲ့ ကမ်းလှမ်းဖို့ အလိုရှိနေတာပါ။

လမ်းပတ်ဟာ ကွင်းလယ်ခံစစ် အသစ်တစ်ယောက် ခေါ်ယူလိုနေဆဲဖြစ်ပြီး ဒီကလန်ရိုက်စ်ကို ထိပ်တန်းပစ်မှတ်ထားနေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့တန်ကြေးက ပေါင် သန်း၇၀ ဖြစ်တာကြောင့် ဒီနွေမှာ ပေါင် သန်း ၂၀၀ကျော် သုံးစွဲခဲ့ပြီးဖြစ်တဲ့ ချဲလ်ဆီးအနေနဲ့ အင်္ဂလန်သားရဲ့အပြောင်းအရွှေ့အတွက် အသုံးစရိတ်ရရှိအောင် ကစားသမားအချို့ကိုရောင်းချဖို့ လိုအပ်မှာဖြစ်ပါတယ်။

ရန်းနက်စ်ဂိုးသမား အီဒူရတ် မန်ဒီအတွက် ချယ်ဆီး ရဲ့ ကနဦးကမ်းလှမ်းမှုက ပယ်ချခံခဲ့ရပေမယ့် ချယ်ဆီး ဘက်ကတော့ သူ့ကို ခေါ်ယူနိုင်ဖို့အတွက် အရှိန်မြှင့်ကာ ကြိုးစားဖို့ ပြင်ဆင်ထားပြီး ပိုမြင့်မားတဲ့ ကမ်းလှမ်းမှု လုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

Zawgyi – ဒီကလန္႐ိုက္စ္ဟာ ခ်ယ္ဆီး နဲ႔ ခ်ိတ္ဆက္မႈရွိခဲ့ေပမယ့္ ဝက္စ္ဟမ္းက ကြင္းလယ္ခံစစ္ကစားသမားအတြက္ ေပါင္ သန္း ၇၀ တန္ေၾကး သတ္မွတ္ထားတာေၾကာင့္ ခ်ယ္ဆီး တို႔ အခက္ႀကဳံခဲ့ရျပီး ခ်ယ္ဆီးဂႏၲဝင္ အက္ရွ္ေလကိုးလ္ကေတာ့ ႐ိုက္စ္ကို ရေအာင္ေခၚယူၿပီး ကြင္းလယ္ကို အေကာင္းဆုံး တည္ေဆာက္သင့္တယ္လို႔ ယုံၾကည္ေနပါတယ္။

ခ်ယ္ဆီး အသင္းမွ ကန္ေတနဲ႔ ဂ်ီ႐ူးတို႔ဟာ ညက ေနးရွင္းလိဂ္ ပြဲစဥ္မွာ ျပင္သစ္အသင္းနဲ႕ အတူ ပါဝင္ခဲ့ၾကၿပီး ဆြီဒင္ကို ၁-၀နဲ႔အႏိုင္ရရွိခဲ့ၾကေပမယ့္ ခရစၥတန္ဆန္ဟာ ဒိန္းမတ္ အသင္းအတြက္ မိနစ္၉၀အျပည့္ကစားေပးခဲ့သည့္တိုင္ ဘယ္လ္ဂ်ီယမ္ကို ၂-၀နဲ႔ ရႈံးနိမ့္ခဲ့သလို ကိုဗာဆစ္ရဲ႕ခ႐ိုေအးရွားကလဲ လက္ရွိခ်န္ပီယံ ေပၚတူဂီကို ၄-၁နဲ႔ ရႈံးနိမ့္ခဲ့ပါတယ္။

လမ္းပတ္ဟာ ကစားသမားသစ္ ေခၚယူမႈမ်ားစြာ လုပ္ခဲ့တဲ့ေနာက္ အသင္းအင္အားကို ေလွ်ာ့ခ်ဖို႔ ျပင္ဆင္ေနသလို ဒီေႏြမွာ ကြင္းလယ္ၾကယ္ပြင့္ အန္ဂိုလိုကန္ေတကို ေရာင္းထုတ္ဖို႔ ဆႏၵရွိေနပါတယ္။ မႏွစ္က ကန္ေတဟာဒဏ္ရာျပႆနာေတြေၾကာင့္ ခက္ခဲတဲ့ကာလေတြႀကဳံခဲ့ရၿပီး ၂၂ပြဲမွာ ၃ဂိုးသြင္းယူေပးခဲ့ေပမယ့္ ခ်ယ္ဆီး က အသုံးစရိတ္ကို ျပန္ကာမိေစဖို႔ သူ႔ကို ေရာင္းခ်လိုေနတာျဖစ္ပါတယ္။

ခ်ယ္ဆီး အသင္းဟာ ဒီေႏြရာသီမွာ ကစားသမားသစ္ေတြအတြက္ အသုံးစရိတ္မ်ားစြာ ကုန္က်ခံခဲ့တာနဲ႔အတူ ေနာက္ရာသီမွာ ပရီးမီးယားလိဂ္ဖလားကို စတန္းဖို႔ဒ္ဘရစ္ခ္်ထံ ျပန္ သယ္ေဆာင္လာဖို႔အတြက္ လမ္းပတ္မွာ အခြင့္အေရးႀကီး ရွိေနၿပီလို႔ နီကိုးလပ္စ္ အနယ္ကာက ေျပာဆိုခဲ့ပါတယ္။

ဖင္လန္ကို ၁-၀နဲ ႔ႏိုင္ခဲ့တဲ့ပြဲမွာ ေဝးလ္အတြက္ ဗဟိုခံစစ္မွာ အီသန္အမ္ပဒူ ေျခစြမ္းျပခဲ့ေပမယ့္ သူ႔အေနနဲ႔ ခ်ယ္ဆီး မွာ ကစားခ်ိန္ မရခဲ့တာေၾကာင့္ ကလပ္အဆင့္မွာ သက္ေသျပဖို႔ ခ်ယ္ဆီး အသင္းကေန ထြက္ခြာဖို႔ႀကိဳးစားသင့္တယ္လို႔ ေဝးလ္နည္းျပ ဂစ္က အႀကံေပးခဲ့ပါတယ္။

ခ်ယ္ဆီး ဟာ ၂၀၂၀-၂၀၂၁ ရာသီအတြက္ မစ္ခ်ီ ဘတ္ရႉဝါရီကိုအငွားမခ်ထားခင္မွာ ၎ကို စာခ်ဳပ္သစ္ တစ္ရပ္ ခ်ဳပ္ဆိုႏိုင္ဖို႔ေမွ်ာ္လင့္ေနပါတယ္။ ခ်ယ္ဆီး က သူ႔ကိုေနာက္ေႏြရာသီမွာ အလြတ္ မထြက္ခြာေစဖို႔အတြက္ တစ္ပတ္လုပ္ခ ေပါင္ ၁သိန္းတန္ စာခ်ဳပ္နဲ႔ ကမ္းလွမ္းဖို႔ အလိုရွိေနတာပါ။

လမ္းပတ္ဟာ ကြင္းလယ္ခံစစ္ အသစ္တစ္ေယာက္ ေခၚယူလိုေနဆဲျဖစ္ၿပီး ဒီကလန္႐ိုက္စ္ကို ထိပ္တန္းပစ္မွတ္ထားေနခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ သူ႔ရဲ႕တန္ေၾကးက ေပါင္ သန္း၇၀ ျဖစ္တာေၾကာင့္ ဒီေႏြမွာ ေပါင္ သန္း ၂၀၀ေက်ာ္ သုံးစြဲခဲ့ၿပီးျဖစ္တဲ့ ခ်ဲလ္ဆီးအေနနဲ႔ အဂၤလန္သားရဲ႕အေျပာင္းအေ႐ႊ႕အတြက္ အသုံးစရိတ္ရရွိေအာင္ ကစားသမားအခ်ိဳ႕ကိုေရာင္းခ်ဖို႔ လိုအပ္မွာျဖစ္ပါတယ္။

ရန္းနက္စ္ဂိုးသမား အီဒူရတ္ မန္ဒီအတြက္ ခ်ယ္ဆီး ရဲ႕ ကနဦးကမ္းလွမ္းမႈက ပယ္ခ်ခံခဲ့ရေပမယ့္ ခ်ယ္ဆီး ဘက္ကေတာ့ သူ႔ကို ေခၚယူႏိုင္ဖို႔အတြက္ အရွိန္ျမႇင့္ကာ ႀကိဳးစားဖို႔ ျပင္ဆင္ထားၿပီး ပိုျမင့္မားတဲ့ ကမ္းလွမ္းမႈ လုပ္သြားမွာျဖစ္တယ္လို႔ သိရပါတယ္။