ချယ်ဆီးအသင်းဟာ ဒီတပတ် ပရီးမီးယားလိဂ်မှာလည်း နောက်ထပ် လန်ဒန် မြို့ခံ ပြိုင်ဘက် တစ်သင်း ဖြစ်တဲ့ ဝက်စ်ဟမ်း အသင်းနဲ့ တွေ့ဆုံနေပါတယ်။
ပွဲကတော့ မနက်ဖြန် တနင်္ဂနွေနေ့ ည ၇ နာရီခွဲ အချိန်၊ စတန်းဖို့ဘရစ်ချ် ကွင်းမှာ ယှဉ်ပြိုင် ကြမှာပါ။
ဘောလုံးပွဲတွေ အပတ်စဉ် သုံးသပ်နေကြ ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန်က ချယ်ဆီး – ဝက်စ်ဟမ်း တို့ ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။
” စပါး၊ ဝက်စ်ဟမ်းတို့လို လန်ဒန်ပြိုင်ဘက်တွေကို ရင်ဆိုင်ရမယ့် ပွဲတွေကို ချယ်ဆီးတို့ ဆက်တိုက် ကစားရပါမယ်။ လီဗာပူးကို ရင်ဆိုင်ကစားတုန်းက ဝက်စ်ဟမ်းတို့ ကစားပုံ ကောင်းပါတယ်။
ဝက်စ်ဟမ်းက ဘာမှ မျှော်လင့်စရာ မရှိတော့ပေမယ့် တတ်နိုင်သလောက် အမြင့်ဆုံး အခြေအနေနဲ့ ရာသီသိမ်းလိုမှာပါ။ သူတို့က ဘာအတွက်မှ ကစားဖို့ မရှိတာကြောင့် ချယ်ဆီးပဲ အနိုင်ရသွားမယ် ထင်ပါတယ်။
ပိုချက်တီနိုက ချယ်ဆီးနည်းပြအလုပ်ကို လက်ခံကတည်းက ငယ်ရွယ်တဲ့ အသင်းတစ်သင်းကို ဆက်ခံခဲ့တာ ဖြစ်ပါတယ်။ ထူးချွန်ပေမယ့် ခြေစွမ်း မတည်ငြိမ်မှုတွေကို သူ ရင်ဆိုင်ထားရတယ်။
သူတို့ ဘောလုံးရာသီကို အတောင့်တင်းဆုံး အဆုံးသတ်နိုင်မယ်ဆိုရင် ပိုချက်တီနို ရဲ့ ရာထူးက ဖိအား ဝင်မှာ မဟုတ်ပါဘူး။” လို့ မာဆန်က သုံးသပ်ထားပါတယ်။
ပေါမာဆန် ခန့်မှန်းရလဒ် ကတော့ ချယ်ဆီး ၃-၁ ဝက်စ်ဟမ်း ဖြစ်ပါတယ်။