မန်ချက်စတာ ယူနိုက်တက် က ဒီအပတ် ပရီးမီးယားလိဂ်မှာ ခရစ္စတယ်ပဲလေ့စ် အသင်းနဲ့ တွေ့ဆုံနေပြီး အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာပါ။ ပွဲချိန်ကတော့ လာမယ့် အင်္ဂါနေ့ နံနက် ၁နာရီခွဲ အချိန်မှာ ဖြစ်ပါတယ်။
ဘီဘီစီ သတင်းဌာနမှ ခရစ်ဆက်တန် က ခရစ္စတယ်ပဲလေ့စ် – မန်ချက်စတာ ယူနိုက်တက် ပွဲစဉ် အတွက် ကြိုတင် သုံးသပ် ခန့်မှန်း လာပါတယ်။
” အရင်အပတ်က ယူနိုက်တက်တို့ ဘန်လေနဲ့ ကစားခဲ့ပြီး ကံကောင်းလို့ ၁ မှတ်ရခဲ့ပါတယ်။ ပဲလေစ့်ပွဲမှာ ဘယ်လိုလုပ် ယူနိုက်တက်ဘက်က ခန့်မှန်းရဲမှာလဲ?
တန်ဟက်တို့အတွက် ကံကောင်းတာက အီဇီ ဒီပွဲမှာ ပါဝင်နိုင်ဖို့ မသေချာပါဘူး။ ဒါပေမယ့် မာတီတာက ခြေစွမ်းကောင်းနေပြီး ယူနိုက်တက် ခံစစ်ကို ဒုက္ခပေးမှာပါ။
စက်တင်ဘာတုန်းက အိုးထရတ်ဖိုဒ့်မှာ ပဲလေစ့်တို့ ၁-၀ ရလဒ်နဲ့ အနိုင်ရခဲ့တယ်။ ဒါပေမယ့် ယူနိုက်တက် ရှုံးမှာပဲ ဆိုပြီး သူတို့ ပရိသတ်တွေ စိတ်ပျက်အောင် မလုပ်ချင်ပါဘူး။
ကျနော်ကတော့ ပဲလေစ့် အနိုင်လို့ ခန့်မှန်းချင်ပေမယ့် ယူနိုက်တက် ပရိသတ်တွေက သူတို့ကိုပဲ ကန့်လန့်လိုက်တိုက်နေတယ် ထင်နေကြတော့ ဒီပွဲ သူတို့ ကံကောင်းပြီး သရေကျမယ်လို့ပဲ ခန့်မှန်းပေးလိုက်ပါမယ်။ ” လို့ ဆက်တန်က သုံးသပ်ထားပါတယ်။
ခရစ်ဆက်တန် ရဲ့ ပွဲ ခန့်မှန်းရလဒ် ကတော့ ခရစ္စတယ်ပဲလေစ့် ၁-၁ မန်ချက်စတာ ယူနိုက်တက် ဖြစ်ပါတယ်။