မနေ့ညက လီဗာပူး ၄-၂ စပါး ပွဲစဉ်အပြီးမှာတော့ တော့တင်ဟမ် စပါးဟာ အာဆင်နယ်အသင်း ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ရေး ကူညီပေးနိုင်မယ် မထင်ကြောင်း သရဲနီဟောင်းကြီး ဂယ်ရီနဗီးကတော့ ပြောဆိုလိုက်ပါတယ်။
မန်စီးတီးဟာ ပွဲကျန် ၁ ပွဲ ကစားဖို့ ကျန်ရှိနေကာ အာဆင်နယ်ရဲ့ ဒါဘီပြိုင်ဘက် စပါးအသင်းနဲ့ မကြာခင် ထိပ်တိုက်တွေ့မှာဖြစ်ပါတယ်။ လက်ရှိ စပါးအသင်း ခြေစွမ်းအရဆိုရင် လန်ဒန်သားတွေဟာ မန်စီးတီးကို ဒုက္ခပေးနိုင်ဖို့ မလွယ်ပါဘူး။
နဗီးက ” နောက်အပတ်မှ အာဆင်နယ်က အိုးထရတ်ဖို့ဒ် မှာသွားပြီး အနိုင်ယူဖို့ လိုသလို စီးတီးကလည်း ဖူလ်ဟမ်ကွင်းမှာ ရလဒ်ကောင်းနေဖို့ လိုပါတယ်။
ဒါပေမယ့် အာဆင်နယ်ပရိသတ်တွေ၊ နည်းပြတွေနဲ့ ကစားသမားတွေဟာ လက်ရှိ စပါးအသင်း ခြေစွမ်းကို ကြည့်ပြီး မန်စီးတီးပွဲမှာ သူတို့တွေ ပွဲကောင်းကစားနိုင်ပါ့မလားအတွက် သံသယတွေ ဝင်လာနေကြမှာပါ။ ” လို့ သုံးသပ် ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
စပါးအသင်းဟာ နောက်ဆုံး ကစားထားတဲ့ ၄ ပွဲဆက်တိုက် ရှုံးနိမ့်ထားပြီး ခံစစ်က ပေးဂိုး ၁၃ ဂိုးထိ ရှိထားတဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ရုန်းကစားမလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။
စပါးကသာ ပွဲကျန်မှာ မန်စီးတီးကို သရေကစားနိုင်ရင် ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ရေး အာဆင်နယ်က အရေးသာသွားမှာပဲ ဖြစ်ပါတယ်။