ပဲလေ့စ်ကို ၄ဂိုးပြတ် ရှုံးတဲ့ပွဲမှာ ကာဆီမီရိုရဲ့ ချာချက်က ပရီးမီးယားလိဂ် စံချိန်တောင် တင်သွားခဲ့ပါပြီ

မနေ့ညက ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲမှာ ဘရူနို ဖာနန်ဒက်စ် မပါနိုင်တာကြောင့် ကာဆီမီရိုက ယူနိုက်တက် အသင်းခေါင်းဆောင်အဖြစ် ပွဲထွက်ခဲ့ပါတယ်။

ဗဟိုခံစစ်မှုးတွေ အကုန် ဒဏ်ရာ ရနေတာကြောင့် ဒီပွဲမှာ ခံစစ်မှုး စစ်စစ် ဆိုလို့ အီဗန်စ် တစ်ယောက်သာ ပါဝင်ခဲ့ပြီး ကာဆီမီရိုကလည်း ခံစစ်တန်းကနေ ပါဝင် ကူညီခဲ့ပါတယ်။

ဒါပေမယ့် အခြေမလှခဲ့ဘဲ မန်ချက်စတာ ယူနိုက်တက်ဟာ ပဲလေ့စ်ကို ၄-ဝ ထိ ဂိုးပြတ် ရှုံးနိမ့်ခဲ့တာပါ။

ထိုပွဲက ယူနိုက်တက် ခွင့်ပြုခဲ့ရတဲ့ ၄ ဂိုးထဲက ၃ ဂိုးမှာ ပါဝင် ပတ်သက်ခဲ့မိတာကြောင့် ဘရာဇီးသားအတွက် မေ့လို့မရနိုင်မယ့် ပွဲစဉ် တစ်ပွဲလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

Whoscored အချက်အလက် ဝဘ်ဆိုဒ် က ဖော်ပြရာမှာ ကာဆီမီရိုဟာ ပဲလေစ့်ဘက်က ၈ ကြိမ်ထိ ကျော်ဖြတ်ပြေးခြင်းကို ခံခဲ့ရပြီး ဒီရာသီ ပရီးမီးယားလိဂ်မှာတော့ အများဆုံး အဖြစ် စံချိန်တင် သွားခဲ့ပါတယ်။

ပွဲအပြီး သုံးသပ်ချက် Rating တွေမှာလည်း ကာဆီမီရို တစ်ယောက် Rating 1 ပဲ ရသည်ထိကို အခြေဆိုးခဲ့ပါတယ်။

ကာဆီမီရိုနဲ့ သူ့ရဲ့ အသင်းဖော်တွေဟာ ပဲလေစ့်ပွဲက အရှက်ကွဲမှုကို တနင်္ဂနွေနေ့ အာဆင်နယ်ပွဲမှာ ပြန် ဖောက်ခွဲဖို့ မျှော်လင့်နေကြပါတယ်။

အာဆင်နယ်ဟာ ပရီးမီးယားလိဂ် ဖလားရဖို့ မျှော်လင့်နေတဲ့ အသင်းတစ်သင်း ဖြစ်ပြီး ဂန်းနားတွေကို အိုးထရက်ဖို့ဒ် အနိုင်ယူခြင်းနဲ့ ယူနိုက်တက်တို့ မကျေနပ်မှုတွေကို ပြန်ချေဖျက်ပြသွားမလားက စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။