ဘောလုံးရာသီ နှောင်းပိုင်းမှ နိုင်ပွဲတွေ ရယူပြီး အရှိန်ကောင်း ရနေတဲ့ ချယ်ဆီး အသင်းဟာ လိုနေတဲ့ ၂ နေရာကို အားဖြည့် လိုက်ရင် အာဆင်နယ်၊ မန်စီးတီးတို့နဲ့ ကွာဟချက်ကို လျော့ချနိုင်မှာ ဖြစ်ကြောင်း ဂန်းနားဟောင်းကြီး ပေါမာဆန်က တိုက်တွန်းလိုက်ပါတယ်။
နည်းပြ ပိုချက်တီနိုရဲ့ အသင်းဟာ လက်ရှိ အမှတ်ပေးဇယားမှာ အဆင့် ၇ နေရာမှာ ရှိနေသလို ပိုကောင်းတဲ့နေရာကိုလည်း ရောက်နိုင်နေဆဲပါ။
ဂန်းနားဟောင်းကြီး ပေါမာဆန်ကတော့ နောက်ရာသီအတွက် ချယ်ဆီး ဘာတွေလုပ်ရမလဲ ဆိုတာကို အခုလို အကြံပေးလာပါတယ်။
ပေါမာဆန်က ” ချယ်ဆီးက လုံလောက်တဲ့ တည်ငြိမ်မှု မရှိပါဘူး။ သူတို့ ပြည်တွင်းဖလားမှာ ဖိုင်နယ်ရောက်ခဲ့တယ်၊ ဆီမီးဖိုင်နယ်လည်း ရောက်ခဲ့ပေမယ့် ပြိုင်ပွဲ ၂ ရပ်လုံးမှာ ကံမကောင်းခဲ့ပါဘူး။
ဒါပေမယ့် သူတို့ ရပ်နေမှာ မဟုတ်ဘဲ လူသစ်တွေ ထပ်ဝယ်ဦးမှာပါ။ အခုချိန်ထိတော့ သူတို့က အဆင်ပြေမနေဘဲ မန်စီးတီး၊ အာဆင်နယ်နောက်မှာ မိုင်တွေ အများကြီး ပြတ်ကျန်နေပါတယ်။
ဒီနွေမှာတော့ အတွေ့အကြုံရှိ ကစားသမားတွေကို ခေါ်ယူဖို့ လိုအပ်နေပါတယ်။ သူတို့အသင်းရဲ့ အဓိက ဝါရင့် ကစားသမား သီယေဂို ဆေးဗားကလည်း ထွက်ခွာသွားတော့မယ်။ ဒါကြောင့် သမ္ဘာပိုင်း အားဖြည့်ရပါမယ်။
ဆေးဗားနေရာ အစားထိုးဖို့ သူတို့ အတွေ့အကြုံရှိ ခံစစ်မှူး တစ်ဦးကို အားဖြည့်ဖို့ လိုအပ်ပါတယ်။ သူတို့ တိုက်စစ် သမား တစ်ဦးလည်း အားဖြည့်ဖို့ လိုပါတယ်။ သူတို့ နောက်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ရလိုသလို အာဆင်နယ်၊ မန်စီးတီးတို့နဲ့ ကွာဟချက်ကို ကျဉ်းမြောင်းလိုပါလိမ့်မယ်။
နောက်ရာသီ သူတို့အသင်းမှာ ပိုချက်တီနို ဆက်ရှိနေမှာပါ။ တစ်ဦးချင်းတွေက ဆုဖလား အောင်မြင်စေမှာမဟုတ်ဘဲ အခုလိုပဲ အသင်းတစ်သင်းအနေနဲ့ ဆက်လက် ယှဉ်ပြိုင်ကစားနေဖို့ လိုပါတယ်။ ” လို့ ထောက်ပြ အကြံပြု သွားတာဖြစ်ပါတယ်။