စီးတီး အတွက် အခက်ဆုံး၊ ဂန်းနားတွေ အတွက် last chance ပွဲ ဆိုတဲ့ ပေါမာဆန်ရဲ့ ဖူလ်ဟမ် ပွဲကြို သုံးသပ် ခန့်မှန်းချက်

မန်ချက်စတာ စီးတီးအသင်းဟာ ဒီအပတ် ပရီးမီးယားလိဂ်မှာ ဖူလ်ဟမ်နဲ့တွေ့နေပြီး အဝေးကွင်း သွားရောက် ရင်ဆိုင်ရမှာပါ။ ပွဲကတော့ မနက်ဖြန် စနေနေ့ ညနေ ၆ နာရီ အချိန်မှာ ယှဉ်ပြိုင် ကြမှာ ဖြစ်ပါတယ်။

ဘောလုံးပွဲတွေ အပတ်စဉ် သုံးသပ်နေကြ ဂန်းနားဟောင်းကြီး ပေါမာဆန်က ဖူလ်ဟမ် – မန်စီးတီး ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” ဒီပွဲကို ကြည့်ရင် ဒါက အာဆင်နယ်ရဲ့ နောက်ဆုံး အခွင့်အရေး last chance ပါပဲ။ စီးတီးနဲ့ တွေ့မယ့် ပြိုင်ဘက်တွေထဲမှာ စပါးနဲ့ ဝက်စ်ဟမ်းတို့က ပုံစံကောင်းတွေ ပျောက်ဆုံးနေတာမို့ ဖူလ်ဟမ်ကပဲ မန်စီးတီးအတွက် အခက်ခဲဆုံးပွဲ ဖြစ်လာနိုင်ပါတယ်။ အဲ့ဒါကလွဲလို့ မန်စီးတီး နိုင်ပွဲ မရစရာ အကြောင်း မမြင်ပါဘူး။

ဝုဗ်ကို အနိုင်ယူတုန်းက ဟာလန်းဟာ သွင်းဂိုး ၄ ဂိုး သွင်းခဲ့ပြီး စီးတီးကို ပိုကောင်းတဲ့အသင်း ဖြစ်စေခဲ့တယ်။ ဖူလ်ဟမ်က အသင်းကောင်းပါ၊ ဒါပေမယ့် သူတို့ ဒီပွဲမှာ ဂိုးသွင်းနိုင်ဖို့လိုပါတယ်။

အာဆင်နယ် လုပ်နိုင်တာကတော့ သူတို့ပွဲတွေကို အနိုင်ယူပြီး ရာသီသိမ်းပွဲထိ စောင့်ကြည့်ဖို့ပါပဲ။

ဘောလုံးဆိုတာ ရယ်ရပါတယ်။ မနေ့ကဆိုရင် ပွဲပြီးခါနီး မိနစ်ပိုင်း အလိုမှာ ရီးရဲလ်မက်ဒရစ်က အဲ့လို အလှည့်အပြောင်း လုပ်နိုင်မယ်လို့ ဘယ်သူက ထင်ခဲ့မှာလဲ? ” လို့ မာဆန်က သုံးသပ်ထားပါတယ်။

ပေါမာဆန် ခန့်မှန်းရလဒ် ကတော့ ဖူလ်ဟမ် ၁-၃ မန်ချက်စတာ စီးတီး ဖြစ်ပါတယ်။