ဖောရက်စ်ကို အဝေးကွင်း သွားကန်မယ့် ချယ်ဆီး မနိုင်နိုင်ဘူး ဆိုတဲ့ ပေါမာဆန်ရဲ့ ပွဲကြို သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်

ပရီးမီးယားလိဂ် ပြိုင်ပွဲကတော့ တစ်ရာသီ ပြီးဆုံးဖို့ တရွေ့ရွေ့ နီးကပ်လာပြီ ဖြစ်ပါတယ်။ ချယ်ဆီးအသင်းက ဒီအပတ်မှာ နော်တင်ဟမ် ဖောရက်စ် အသင်းနဲ့ တွေ့ဆုံနေပြီး အဝေးကွင်း သွားရောက် ရင်ဆိုင် ကစားရမှာပါ။

ပွဲကတော့ မနက်ဖြန် စနေနေ့ ည ၁၁ နာရီ အချိန်၊ ဖောရက်စ်တို့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကြမှာပါ။

ဘောလုံးပွဲတွေ အပတ်စဉ် သုံးသပ်နေကြ ဂန်းနားဟောင်းကြီး ပေါမာဆန်က နော်တင်ဟမ် ဖောရက်စ် – ချယ်ဆီး ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းလာပါတယ်။

” ဒီတလောမှာ ဘိုလေက ချယ်ဆီးအသင်းရဲ့ ရလဒ်ကောင်းတွေကို ကျေနပ်စရာတွေ ထုတ်ပြောထားတယ်။ အဲ့ဒါနဲ့တော့ သူတို့ရဲ့ ယိုပေါက်တွေကို ဖုန်းကွယ်မထားလိုပါဘူး။

ဒီရာသီ ပိုချက်တီနို လက်အောက်မှာ သူတို့ထံက ဘာတွေမြင်ရမယ်ဆိုတာ လုံးဝ ခန့်မှန်းလို့ မရပါဘူး။

ဖောရက်စ်က အိမ်ကွင်းမှာဆို အဆင်ပြေပါတယ်။ လူတန်တို့ ရလဒ်တွေ မကောင်းဘူးဆိုရင် ဖောရက်စ်ကလည်း အမှတ်တွေ မလိုတော့ပါဘူး။ ဒါပေမယ့် စိတ်ချရအောင် အမှတ်တွေ ကြိုးစားယူဖို့ လိုပါတယ်။ သူတို့ကလည်း တတ်နိုင်သလောက် အမှတ်တွေ ရလိုနေမှာမို့ ကျနော်ကတော့ သရေကျမယ် ထင်ပါတယ်။

စတာလင်ကို ကျနော် သဘောကျပါတယ်။ သူ့ထံက အများကြီး မြင်နိုင်နေဆဲလို့ ထင်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ လုပ်ခနဲ့ဆို ခေါ်ယူချင်တဲ့ ကလပ်တွေ အများကြီးရှိနေမှာ မဟုတ်ပါဘူး။ ဒီနွေမှာ သူ့ရဲ့အနာဂတ် ဘယ်လိုဖြစ်လာမလဲ စိတ်ဝင်စားစရာပါပဲ။ ” လို့ မာဆန်က သုံးသပ်ထားပါတယ်။

ပေါမာဆန် ခန့်မှန်းရလဒ် ကတော့ နော်တင်ဟမ် ဖောရက်စ် ၂-၂ ချယ်ဆီး ဖြစ်ပါတယ်။