မန်စီးတီးအသင်းကတော့ ဒီအပတ် ပရီးမီးယားလိဂ်မှာ ဖူလ်ဟမ်နဲ့ အဝေးကွင်းပွဲ သွားရောက် ရင်ဆိုင်ရမှာပါ။ ပွဲကတော့ ဒီနေ့ စနေနေ့ ညနေ ၆ နာရီ အချိန်မှာ ယှဉ်ပြိုင် ကြမှာ ဖြစ်ပါတယ်။
ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ခရစ်ဆက်တန် က ဖူလ်ဟမ် – မန်စီးတီး ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။
” ဖူလ်ဟမ်က ဘောလုံးရာသီကောင်း တစ်ခု ပိုင်ဆိုင်ထားတာပါ။ ဒါပေမယ့် ဒီတလော သီတင်းပတ်တွေ အတွင်း သူတို့ ခြေစွမ်းက နည်းနည်းတော့ ကျသွားသလိုပါပဲ၊ တဖက်မှာ မန်ချက်စတာစီးတီးကတော့ ခြေစွမ်း အကောင်းဆုံး ပုံစံ ရနေတယ်။
မာကို ဆေးလ်ဗားရဲ့ အသင်းက အန္တရာယ်တွေ ပေးနိုင်တယ် ဆိုတာ ကျွန်တော်တို့ သိပါတယ်။ သူတို့က အာဆင်နယ် ဆီကနေလည်း ၄ မှတ် ယူခဲ့တာပါ။ ဒီတော့ စီးတီး အတွက်လည်း နည်းနည်း ပြောရခက်တဲ့ ပွဲမျိုးပါ။
ဒါပေမယ့် စီးတီးကလည်း ထိထိရောက်ရောက် လုပ်နိုင်တဲ့ အသင်း ဖြစ်နေတာကြောင့် သူတို့ ခြေချော်ဖွယ် မရှိပါဘူး။ ” လို့ ဆက်တန်က သုံးသပ်ထားပါတယ်။
ခရစ်ဆက်တန်ရဲ့ ခန့်မှန်းရလဒ်ကတော့ ဖူလ်ဟမ် ၁-၂ မန်ချက်စတာ စီးတီး ဖြစ်ပါတယ်။