ကာဆီမီရို ကို ဝေဖန်ကြလို့ အာဆင်နယ် အသင်းသားလည်း ဒီလိုပဲ လို့ နှိုင်းယှဉ် ထောက်ပြလိုက်တဲ့ ဂယ်ရီနဗီးလ်

သရဲနီဟောင်းကြီး ဂယ်ရီနဗီလ်းကတော့ မန်ချက်စတာ ယူနိုက်တက် မှာ ရုန်းကန်လာရပြီး ဒီတလော ဝေဖန်မှုတွေ များစွာ ခံယူလာရတဲ့ ကွင်းလယ် ကစားသမား ကာဆီမီရို အတွက် ကာကွယ် ပြောဆိုမှုတွေ ပြုလုပ်လာပါတယ်။

ကာဆီမီရို ကို ပြေးလွှား မကစားနိုင်ဘူး ဝေဖန်နေကြတာတွေ အတွက် အာဆင်နယ် ကစားသမား တစ်ဦးလည်း ဒီလိုပဲ မပြေးနိုင်ပါဘူးလို့ နဗီးလ်က နှိုင်းယှဉ်လိုက်ပါတယ်။

” ကာဆီမီရို က နောက်ရာသီ ယူနိုက်တက်မှာ ဆက်ရှိနေမှာပဲ။ ဆော်ဒီဘက်ကသာ ကြီးမားတဲ့ ကမ်းလှမ်းမှုတွေ မလုပ်လာဘူး ဆိုရင်ပေါ့။ မန်ချက်စတာ ယူနိုက်တက်မှာပဲ သူ ဆက်ရှိနေဖို့ များပါတယ်။ ဒီတော့ အသင်းက သူနဲ့ အလုပ် လုပ်ဖို့ပဲ စဉ်းစား နည်းလမ်းရှာရမှာပေါ့၊ ဟုတ်တယ်မလား ?

ဥပမာကောင်း တစ်ခု ပေးရရင် ဂျော်ဂျင်ဟိုဗျာ။ ဂျော်ဂျင်ဟိုက မပြေးနိုင်ဘူး၊ သူက ဘောလုံးနဲ့ အတူ ရွေ့လျားတာတွေ ပိုကောင်းတယ်။ သူ မပြေးနိုင်လို့ ချယ်ဆီးမှာတုန်းက ကျရှုံးခဲ့တယ်။

နောက် အာဆင်နယ်လည်း ရောက်ရော ကွင်းလယ်မှာ သူက ကစားတာ သိပ်လှတဲ့ ကွင်းလယ်သမား ဖြစ်လာတယ်။ ဘေးနှစ်ဖက်မှာ ဒီကလန်ရိုက်စ်နဲ့ မာတင် အိုဒီဂတ် ရှိနေလို့ ပို ပြည့်စုံနေတယ်။ ဒီနှစ်ယောက် အတွဲက သူ့နောက်မှာ ရှိနေတော့ အဆင်ပြေတယ်။

ဒီတော့ သူတို့ကို အဲဒီလို position မျိုးမှာ ထည့် သုံးရမှာပါ။ ပြေးခိုင်းနေရမှာ မဟုတ်ဘူး။ ” လို့ နဗီးလ်က သုံးသပ် ထောက်ပြခဲ့ပါတယ်။

အသက် ၃၂ နှစ် ရှိလာပြီ ဖြစ်တဲ့ ဘရာဇီးသားဟာ ဒီတလော ကျဆင်းလာတဲ့ ခြေစွမ်းတွေကြောင့် ဘရာဇီးလက်ရွေးစင် အသင်းကနေ ချန်လှပ်ခြင်းပါ ခံထားရတာပါ။