အာဆင်နယ် ကစားသမား တစ်ယောက်ကို ယူနိုက်တက်မှာ အံဝင်မယ် ဆိုပြီး လိုချင်နေတဲ့ နည်းပြ တန်ဟက်

မန်ချက်စတာ ယူနိုက်တက်ဟာ မနှစ်က နွေမှာ ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၅၀ အကုန်အကျခံကာ အိုနာနာ၊ မေဆန်မောင့်၊ ဟွိုင်လန်းတို့ကို ခေါ်ယူခဲ့ပေမယ့် တစ်ဦးမှတော့ ထိပ်တန်းအဆင့်ကို ရောက်မလာခဲ့ပါဘူး။

အာဆင်နယ် ကွင်းလယ်မှာ ခြေစွာနေတဲ့ ရိုက်စ်ကို ကစားသမားအနေနဲ့ ဘယ်လိုမြင်သလဲ မေးခံရချိန်မှာ တန်ဟက်က အကောင်းမြင်စွာ ပြောဆိုခဲ့သလို ယူနိုက်တက်မှာလည်း အံဝင်မယ့်သူ အဖြစ် ချီးကျူးပါတယ်။

တန်ဟက်က ‘ ရိုက်စ်က သိပ်ကောင်းတဲ့ကစားသမား တစ်ယောက်ပါ။ သူက ကျနော်တို့ အသင်းမှာလည်း တကယ်ကို အံဝင်နိုင်သူဖြစ်ပါတယ် ’ လို့ ချီးကျူးခဲ့ပါတယ်။

ဒီအပတ်မှာ ယူနိုက်တက်က ဇယားထိပ်က အာဆင်နယ်နဲ့ ရင်ဆိုင်ရမှာဖြစ်ကာ လက်ရှိ ခြေစွမ်းတွေအရဆိုရင် ဂိုးပြတ် တောင် ရှုံးမယ့်ပွဲ ဖြစ်လာမယ်လို့ ခန့်မှန်းနေကြပါတယ်။

ယူနိုက်တက်ဟာ ဒဏ်ရာ ပြသနာတွေ ရှိနေသလို၊ စွမ်းဆောင်ရည်ပိုင်းမှာလည်း တိုက်စစ်အပြင် ကွင်းလယ်မှာလည်း လိုအပ်ချက်တွေ ရှိနေခဲ့ကာ ကာဆီမီရို ခြေစွမ်းကျနေခြင်းကလည်း ဒီရာသီ ပြိုဆင်းနေရခြင်းရဲ့ အကြောင်းရင်းတစ်ချက် ဖြစ်နေခဲ့ပါတယ်။

နှစ်ပေါင်း ၂၀ ကြာ ဝေးကွာနေတဲ့ အာဆင်နယ်အသင်းရဲ့ တစ်ကျော့ပြန် ပရီးမီးယားလိဂ် အောင်မြင်နိုင်ေခြေကို ယူနိုက်တက် က ဒီည ရပ်တန့်သွားအောင် လုပ်မလားဆိုတဲ့ မေးခွန်း အပေါ် နည်းပြ တန်ဟက် က ” ကျနော်တို့က ပွဲတိုင်းကို အနိုင်ရဖို့ ကစားတာပါ” လို့ တုန့်ပြန်သွာခဲ့ပါတယ်။