ဒီည ဗီလာကို လီဗာပူး အနိုင်ကန်ဖို့ အာဆင်နယ် အသိုင်းအဝိုင်း အကုန်လုံးက အားပေးနေပါမယ် ဆိုတဲ့ ပေါမာဆန်

ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ရေး ပြေးလမ်းမှာ ဒီ တနင်္လာနေ့ည အက်စတွန်ဗီလာ vs လီဗာပူး ပွဲစဉ်ကလည်း အရေးပါနေပြီး လီဗာပူး အနိုင်ရသွားမယ်ဆိုရင် စပါးအသင်းရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်က လမ်းပွင့်နေဆဲဖြစ်တာကြောင့် စီးတီးနဲ့ ပွဲမှာ အားကုန်ထုတ်လာမှာ ဖြစ်ပါလိမ့်မယ်။

ဒါပေမယ့် ဒီည လီဗာပူး ရှုံးသွားရင်တော့ ဗီလာ အရေးသာသွားကာ စပါးရဲ့ ချန်ပီယံလိဂ်ဝင်ခွင့် အဆုံးသတ်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီနေ့ည ပွဲမှာ လီဗာပူးကို အားပေးမယ်လို့ ဂန်းနားဟောင်း ပေါမာဆန်က ပြောဆိုလာပါတယ်။

ပေါမာဆန်က “ အာဆင်နယ် ပရိသတ်တိုင်းက အက်စတွန်ဗီလာ ရှုံးသွားမှာကို မြင်လိုပါတယ်။ အကယ်လို့ လီဗာပူး အနိုင်ရရင် ချန်ပီယံလိဂ် ဝင်ခွင့်အတွက် စပါးက မန်စီးတီးပွဲကို ဆာလောင်နေမှာပါ။

အက်စတွန်ဗီလာနဲ့ စပါးကြားမှာ ဂိုးပေါင်း ၈ ဂိုးလောက် ကွာနေတာကို သိပါတယ်။ လီဗာပူးက ၂ ဂိုး၊ ၃ ဂိုး ပြတ်သွားမယ်ဆိုရင် နောက်ပွဲမှာ ဗီလာက ပဲလေစ့်နဲ့တွေ့မှာလေ။ အခုချိန် ဘယ်အသင်းမှ ပဲလေစ့်နဲ့ မတွေ့လိုဘူး။

ဒီလိုအချိန်မှာ စပါးရဲ့ ရာသီသိမ်းပွဲကတော့ ရှက်ဖီးယူနိုက်တက် ဖြစ်ပါတယ်။ လီဗာပူးနဲ့ပွဲမှာ ဗီလာ ရလဒ်ရရင် မန်စီးတီးပွဲမှာ စပါးတို့ ရလဒ်တစ်ခု ရအောင် ကြိုးစားဖို့ မရှိပါဘူး။ သူတို့က ဘာအတွက်မှ အားထုတ်စရာ မရှိတော့ဘူးလေ။

စပါးအသင်းက အာဆင်နယ်တို့ ချန်ပီယံဖြစ်ဖို့ မြင်လိုမှာ မဟုတ်ပါဘူး။ သူတို့ အာဆင်နယ်ကို ချန်ပီယံမဖြစ်စေချင်ပေမယ့် အက်စတွန်ဗီလာ ရှုံးသွားရင် သူတို့မှာ ရွေးချယ်စရာ မရှိပါဘူး။ သူတို့ အားထုတ်လာရမှာပါ ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

အက်စတွန်ဗီလာဟာ အိမ်ကွင်းရလဒ်ကောင်းနေတယ်၊ ကလော့ပ်ရဲ့ လီဗာပူးကလည်း ရလဒ် မလိုတော့တာကြောင့် ဖိအားကင်းကင်း ကစားပြနေတာမို့ ပွဲကောင်းဖြစ်လာဖွယ် ရှိနေသေးတာ ဖြစ်ပါတယ်။