ညက ကစားခဲ့တဲ့ အက်စတွန်ဗီလာ ၃-၃ လီဗာပူးပွဲရလဒ်ကြောင့် တော့တင်ဟမ် စပါးအသင်းရဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ရှင်သန်နေဆဲ အခြေအနေဟာ အာဆင်နယ်ပရိသတ်တွေအတွက်တော့ သတင်းကောင်းဖြစ်ဖွယ် ရှိနေပါတယ်။
လီဗာပူးက ၃-၁ ထိ ဦးဆောင်ခဲ့ပေမယ့် နောက်ပိုင်း ခြေပဂိုးတွေ ပြန်ပေးခဲ့ရကာ အခုဆိုရင် အက်စတွန်ဗီလာဟာ အဆင့် ၅ နေရာက စပါး ထက် တစ်ပွဲ ပို ကစား၊ ၅ မှတ်ဖြတ်ပြီး အဆင့် ၄ နေရာမှာ ခိုင်ခိုင်မာမာ ရပ်တည်နေပါပြီ။
စပါး အနေနဲ့ အဆင့် ၄ နေရာကို စိန်ခေါ်ဖို့ဆိုရင် မန်စီးတီးကို အနိုင်ကစားရမှာဖြစ်ကာ ရာသီသိမ်းပွဲမှာ ဗီလာနဲ့ ၂ မှတ် အကွာကနေ ဆက်လက် ဖိအားပေးနိုင်မှာပါ။
အာဆင်နယ်အမာခံပရိသတ် Piers Morgan ကဆိုရင် ” ဗီလာ သရေကျသွားတော့ စပါးက စီးတီးကို နိုင်မှရတော့မယ်။ မဟုတ်ရင် သူတို့ ချန်ပီယံလိဂ် ဝင်ဖို့ အခွင့်အရေး မရှိတော့ပါဘူး။
အာဆင်နယ် ပရီးမီးယားလိဂ် အနိုင်ရဖို့ အကောင်းဆုံး အခြေအနေပါပဲ။ လုပ်ထားစမ်း စပါးတို့၊ မင်းတို့ လုပ်နိုင်မှာပါ၊ အသုံးမကျတဲ့ကောင်တွေ ” လို့ ထုတ်ဖော် ရေးသားခဲ့ပါတယ်။
စပါးပရိသတ်တွေကတော့ မန်စီးတီးကို အနိုင်ကန်ရင်တောင် ချန်ပီယံလိဂ်ဝင်ဖို့ မသေချာတော့တာကြောင့် အာဆင်နယ် ဖလားရရေး ကူညီပေးသလို မဖြစ်ရအောင် စီးတီးနဲ့ ပွဲမှာ အားထည့်ပြီး ကန်မနေတော့ဖို့ တိုက်တွန်းနေကြပြီ ဖြစ်ပါတယ်။