စီးတီးကို အနိုင်ကန်ပြီး အက်ဖ်အေဖလား ယူမယ် လို့ ယူနိုက်တက် ပရိသတ်တွေရှေ့ လူလုံးထွက်ပြကာ ကတိပေးသွားတဲ့ တန်ဟက်

မန်ချက်စတာ ယူနိုက်တက် ရဲ့ ၂၀၂၃-၂၀၂၄ ပရီးမီးယားလိဂ် ဘောလုံးရာသီရဲ့ အိမ်ကွင်း နောက်ဆုံးပွဲ အဖြစ် နယူးကာဆယ်နဲ့ ပွဲကို ယှဉ်ပြိုင် ကစားအပြီးမှာတော့ နည်းပြတန်ဟက်က အိုးထရတ်ဖို့ဒ် ကွင်းထဲ ဝင်ကာ ယူနိုက်တက် ပရိသတ်တွေကို နှုတ်ဆက်ခဲ့ပါတယ်။

နည်းပြ တန်ဟက်ကို ပရိသတ်တွေက ဘူး လုပ်ပြီး သဘောမကျကြောင်း အပြုအမှုတွေ လုပ်ခဲ့ကြချိန်မှာ နယ်သာလန်သားက အက်ဖ်အေဖလား အရယူပေးမယ်လို့ ကတိပေးကာ ပရိသတ်တွေကို နှစ်သိမ့် ကတိစကား ပြောကြားခဲ့ပါတယ်။

နည်းပြတန်ဟက်က ” ကျနော်တို့ ဝင်ဘာလေကို ချီတက်ကြမယ်။ နောက်ပြီး ဒီကစားသမားတွေဟာ အက်ဖ်အေဖလား အနိုင်ရဖို့အတွက် အစွမ်းကုန် အားထုတ်ပေးကြမယ်ဆိုတာ ကျနော် ကတိပေးတယ်။ အက်ဖ်အေဖလားကို အိုးထရတ်ဖိုဒ့်ကွင်းထံ ပြန်ယူလာခဲ့ပါမယ်။

မင်းတို့ အားလုံး (အိုးထရတ်ဖိုဒ့်က ပရိသတ်တွေ) က ကမ္ဘာပေါ်မှာ အကောင်းဆုံးသော အားပေးသူတွေပါ။ ကျေးဇူးတင်ပါတယ် ” လို့ နှုတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။

မတ်လ ၂၅ ရက်နေ့မှာတော့ ဝင်ဘာလေမှာ မန်စီးတီးနဲ့ ယူနိုက်တက်တို့ အက်ဖ်အေဖလား ဗိုလ်လုကြမှာဖြစ်ကာ အဆိုပါဖလားကို အနိုင်ရမယ်ဆိုရင် ယူနိုက်တက်ဟာ လာမယ့်ရာသီ ယူရိုပါလိဂ်ပြိုင်ပွဲကိုလည်း ပါဝင် ယှဉ်ပြိုင်ခွင့်ရမှာပဲ ဖြစ်ပါတယ်။