ပရီးမီးယားလိဂ် ဒီရာသီ နောက်ဆုံး ပွဲစဉ် ဖြစ်တဲ့ ပွဲစဉ် ၃၈ ကတော့ လာမယ့် တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင် ကစားကြတော့မှာပါ။ ဒီထဲမှာ ချန်ပီယံ အဆုံးအဖြတ် ဖြစ်နိုင်တဲ့ ပွဲစဉ် တစ်ပွဲ ဖြစ်တဲ့ အာဆင်နယ်နဲ့ အဲဗာတန် တို့ကတော့ အမ်းမရိတ် ကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။
ဂန်းနားဟောင်းကြီး ပေါမာဆန်ကတော့ သူ့အသင်းဟောင်း အာဆင်နယ်နဲ့ မာဆေးဆိုဒ်ကလပ် အဲဗာတန် အသင်းတို့ ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းလိုက်ပါတယ်။
” အာဆင်နယ်က ဒီရာသီမှာ ဘာမှ အမှားအယွင်း မရှိခဲ့ပါဘူး။ ပြီးခဲ့တဲ့ရာသီ အမှတ်ပေးဖလားနဲ့ လွဲခဲ့ပေမယ့် ကောင်းစွာ ရုန်းထနိုင်ခဲ့တယ်။ ဝမ်းနည်းစရာ ကောင်းတာကတော့ ဒီရာသီလည်း သူတို့ ဒုတိယနဲ့ပဲ ရာသီ သိမ်းရဖွယ် ရှိပါတယ်။
မီခေးလ် အာတီတာ လို ငယ်ရွယ်တဲ့ မန်နေဂျာ တစ်ဦးနဲ့ အတူ အာဆင်နယ်က သိပ်ကောင်းတဲ့ အသင်း တစ်သင်း ဖြစ်ပမယ့် ကျွန်တော် စိုးရိမ်တာ တစ်ခုကတော့ ပရီးမီးယားလိဂ်နဲ့ နှစ်ရာသီဆက် လွဲတာကနေ သူတို့ ပြန် recover ဖြစ်နိုင်ပါ့မလား ဆိုတာပါပဲ။
ဒါက အချိန်ကိုက် ဖြစ်ဖို့ လိုနေတာလေးပါ။ သူတို့က မန်ချက်စတာ စီးတီးကို ယှဉ်နိုင်ပြီး သိပ်ကောင်းတဲ့ အသင်း တစ်သင်း ဖြစ်ခဲ့တယ် ဆိုတဲ့ အချက်တစ်ချက်နဲ့ပဲ ဆက်သွားရမှာပါပဲ။
ဒါကြောင့်ပဲ ကလော့ပ်ရဲ့ လီဗာပူးနဲ့ ပရီးမီးယားလိဂ် ဖလား ရယူနိုင်ခဲ့တဲ့ အောင်မြင်မှုဟာ တကယ့်ကို ခမ်းနားတဲ့ အောင်မြင်မှု လို့ ကျွန်တော် တွေးတာပါ။
အဲဗာတန်ကလည်း ဒီပွဲမှာ ယှဉ်ကစားလာပါလိမ့်မယ်။ ရှောင်ဒိုက်က သူ့ ကစားသမားတွေကို အားထုတ်စေချင်မှာပါ။ ဒါပေမယ့် ဒီပွဲ အာဆင်နယ် အနိုင်ကလွဲပြီး တခြား ဖြစ်စရာ မမြင်ပါဘူး။ ” လို့ မာဆန်က သုံးသပ်ထားပါတယ်။
ပေါမာဆန်ရဲ့ ခန့်မှန်းရလဒ်ကတော့ အာဆင်နယ် ၂-ဝ အဲဗာတန် ဖြစ်ပါတယ်။