ဆန်းဒေးည အီတီဟက်မှာကန်မယ့် မန်စီးတီးရဲ့ ဝက်စ်ဟမ်းနဲ့ပွဲ အတွက် ပေါမာဆန်ကတော့ ကြိုတင် ဟောကိန်းထုတ်ပါပြီ

ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ နောက်ဆုံးပွဲ အနိုင်ကစားမှ ရမယ့် မန်ချက်စတာ စီးတီးအသင်းဟာ ဒီတနင်္ဂနွေနေ့မှာ ဝက်စ်ဟမ်းနဲ့ ထိပ်တိုက်တွေ့ပြီ ဖြစ်ကာ အီတီဟက်ကွင်းမှာ ဧည့်ခံ ကစားရမှာပါ။

ဂန်းနားဟောင်းကြီး ပေါမာဆန်ကတော့ စီးတီး အရေးနိမ့်မှ သူ့အသင်းဟောင်း အာဆင်နယ် ချန်ပီယံ ဖြစ်မှာ ဆိုပေမယ့် စီးတီးပဲ ဒီပွဲ အရေးသာမယ် ထင်ကြောင်း အခုလို သုံးသပ်ထားပါတယ်။

” မန်စီးတီးကတော့ ပရီးမီးယားလိဂ်ကို ၄ ရာသီဆက်တိုက် အောင်မြင်သွားဖွယ် ရှိနေပါတယ်။ ဘောလုံးရာသီရဲ့ အဆုံးသတ်ပွဲကောင်းဖြစ်ပေမယ့် သူတို့ ထိတ်လန့်ရမှုတွေ ရှိမလာအောင်လို့ ဂိုး ခပ်စောစော သွင်းသင့်ပါတယ်။ စပါးပွဲတုန်းက သူတို့ တုန်လှုပ်နေမှုတွေ ရှိခဲ့ပါတယ်။

ရာသီသိမ်းပွဲမှာ ကိစ္စတွေ အများကြီး ဖြစ်နိုင်ပေမယ့် မန်စီးတီးကော အာဆင်နယ်ကောပါ ဂိုးခပ်စောစော သွင်းနိုင်ဖို့ လိုအပ်ပါတယ်။ လက်ရှိ မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး အသင်းတွေထဲ တစ်သင်း အပါအဝင်ဖြစ်ပါတယ်။

အီဒါဆန် ဒဏ်ရာရသွားပေမယ့် အော့တီဂါ ဝင်လာပြီး အံ့မခန်း ကာကွယ်သွားခဲ့တယ်။ ဒါကပဲ စီးတီးရဲ့ အရန်လူစာရင်းဟာ ဘယ်လောက်ထိ တောင့်တင်းသလဲ ပြသနေပါတယ်။ ” လို့ မာဆန်က သုံးသပ်ထားပါတယ်။

ပေါမာဆန် ရဲ့ ခန့်မှန်းရလဒ်ကတော့ မန်စီးတီး ၂-ဝ ဝက်စ်ဟမ်း ဖြစ်ပါတယ်။