ဒီညပွဲမတိုင်ခင် ပရီးမီးယားလိဂ် ချန်ပီယံဆု အောင်ပွဲခံ အခမ်းအနားကိုပါ အစမ်း လေ့ကျင့်နေတဲ့ အာဆင်နယ်

အာဆင်နယ် အသင်းဟာ ဒီ တနင်္ဂနွေနေ့ ညမှာ ကစားမယ့် ဒီရာသီ နောက်ဆုံးပွဲ ပရီးမီးယားလိဂ် ပွဲ မတိုင်ခင်မှာ ပရီးမီးယားလိဂ် ချန်ပီယံဆုပေးပွဲ အခမ်းအနားအတွက် အစမ်း လေ့ကျင့်မှု စတင်နေပြီဖြစ်ပါတယ်။

ဇယားထိပ်က မန်စီးတီးနဲ့ ၂ မှတ်ကွာဟနေတဲ့ အာဆင်နယ်ဟာ ဒီညပွဲမှာ အဲဗာတန်ကို အနိုင်ရရင်တော့ တဖက်က ဖလား ပြိုင်ဘက် မန်စီးတီးအသင်းက ဝက်စ်ဟမ်းကို သရေ ဒါမှမဟုတ် အရှုံး ဖြစ်မှသာ ဒီရာသီ ချန်ပီယံဖြစ်လာမှာပါ။

ဒါပေမယ့် ၂၀၀၄ ခုနှစ်နောင်ပိုင်း နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်ဖလား ပြန်အောင်နိုင်ခြေ ရှိနေတဲ့ အာဆင်နယ်ဟာ နောက်ဆုံး အကြိမ် ချန်ပီယံဖြစ်ခဲ့တဲ့ အာဆင်နယ်အသင်းသား အချို့ကိုလည်း အမ်းမရိတ်ထံ ပြန်ခေါ်ထားပါတယ်။

လူမှုကွန်ယက်ကနေ ထွက်ပေါ်လာတဲ့ ဗီဒီယိုမှာတော့ အာဆင်နယ် ဝန်ထမ်းတွေဟာ ဆုဖလား အောင်မြင်ရင် ဆုလက်ခံဖို့ ကြိုတင်ပြင်ဆင်နေကြပါတယ်။

‘Premier League champions’ ဆိုတဲ့ အလံကို မြက်ခင်းမှာ ဖြန့်ခင်းထားပြီး အရှေ့မှာတော့ ဆုပေးပွဲ စင်မြင်ကို ခင်းကျင်းသွားမှာဖြစ်ပါတယ်။

ကွင်းထဲမှာ ပရီးမီးယားလိဂ် ဆုဖလားကိုလည်း ပြသထားပြီး အနီရောင်နဲ့ အဖြူရောင် ဖဲကြိုးတော့ တပ်ထားခြင်း မရှိပါဘူး။ ဝန်ထမ်းတွေက တစ်ဦးချင်း လျှောက်လာကြပြီး ဆုဖလားကို လက်ခံရယူဖို့ အစမ်း လေ့ကျင့်နေကြပါတယ်။

ဒီရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံတံဆိပ်ကို အခု ၄၀ ပေးမှာဖြစ်ကာ ကစားသမားတွေနဲ့ နည်းပြအဖွဲ့တွေပဲ ရရှိမှာဖြစ်ပါတယ်။

အာဆင်နယ်ကတော့ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ရင် အမိုးဖွင့်ဘက်စ်ကားနဲ့ လန်ဒန်မြို့ပတ် အောင်ပွဲခံဖို့ပါ စီစဉ်ထားပါတယ်။ ဒီအတွက် ချန်ပီယံ တီရှပ်လည်း အထည် ၁ဝဝဝ ကျော် ကြိုတင် ရိုက်နှိပ်စီစဉ်ထားပါတယ်။