လီဗာပူးအသင်းဟာ လာမယ့် ဇွန်လ ၁ ရက်နေ့မှ စတင်ပြီး ကလော့ပ်နေရာ ဆက်ခံသူအဖြစ် နယ်သာလန်သား နည်းပြ အာနယ် စလော့ ဝင်ရောက်လာမယ်လို့ အတည်ပြု ကြေညာလိုက်ပြီ ဖြစ်ပါတယ်
ဇာဗီ အလွန်ဆို၊ အာမိုရင်၊ ဒီဇာဘီတို့လို လူငယ်နည်းပြတွေနဲ့အပြိုင် စောင့်ကြည့်မှုတွေ လုပ်ခဲ့ပြီးမှ လီဗာပူးအသင်းက ဖီယင်နုကနေ အာနယ် စလော့ကို ခေါ်ယူဖို့အား ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
သူ့ကို ခေါ်ယူနိုင်ဖို့ လီဗာပူးအသင်းက ကနဦး ပေါင် ၇.၇ သန်း၊ ထပ်တိုးကြေး ပေါင် ၁.၇ သန်းတွေ အကုန်အကျခံခဲ့ရတာဖြစ်ပါတယ်။ အသက် ၄၅ နှစ်အရွယ် နည်းပြဟာ သူ့ရဲ့ လက်ထောက် အချို့ကိုလည်း လီဗာပူးအတွက် ခေါ်ယူလာခဲ့ပါတယ်။
နယ်သာလန်လိဂ်မှာ အသုံးစရိတ် နည်းနည်းနဲ့ အောင်မြင်မှုရအောင် ကြိုးစားနိုင်ခြင်း၊ လူငယ်တွေကို မြေတောင်မြှောက်ပေးခြင်း၊ ကစားသမားတွေကို နောက်အဆင့်တွေထံ ပို့ဆောင်ပေးနိုင်ခြင်းတွေကပဲ လီဗာပူးက အာနယ် စလော့ကို ခေါ်ယူဖို့ ဖြစ်လာစေတယ်။
အာနယ်စလော့ဟာ လီဗာပူးအသင်းမှာတော့ မိုက်ကယ်အတ်ဝပ်၊ ရစ်ချက်ဟုချ်တို့နဲ့ ပူးပေါင်းပြီး အပြောင်းအရွှေ့မှာ လူသစ် ခေါ်ယူရေးတွေ လုပ်ဆောင်ရပါမယ်။
လီဗာပူးရဲ့ လတ်တလော ဦးစားပေးကတော့ လူသစ်ရဖို့ထက် ဆာလာ၊ ထရန့်၊ ဗန်ဒိုက်တို့လို ၂၀၂၅ ခုနှစ် နွေမှာ စာချုပ်ကုန်တော့မယ့် ကစားသမားတွေကို သက်တမ်းတိုးနိုင်ရေး ဖြစ်တယ်လို့ သိရပါတယ်။