ပိုချက်တီနို ချယ်ဆီးအသင်းကနေ ထွက်လာပြီးနောက် နည်းပြသစ် ဖြစ်လာနိုင်သူများ စာရင်း ထွက်ပေါ်လာပါပြီ

နည်းပြ ပိုချက်တီနိုဟာ ချယ်ဆီးအသင်း တာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှု လုပ်ဆောင်ခဲ့ပြီး အဆင်မပြေတာကြောင့် နှစ်ဖက် သဘောတူ လမ်းခွဲထွက်ခွာခဲ့ပြီ ဖြစ်ပါတယ်။

ပိုချက်တီနို က ချယ်ဆီးအသင်းကို တစ်ရာသီ ကိုင်တွယ်အပြီး ရာထူးကနေ အခုလို နှုတ်ထွက်သွားပြီဖြစ်တာကြောင့် စတမ်းဖိုဒ့်ဘရစ်ချ်ရဲ့နည်းပြ ရာထူးက လှစ်လှပ်နေပြီဖြစ်ပါတယ်။

ပထမရာသီဝက်မှာ အတော်လေး ဖိအားများခဲ့ပေမယ့် ချယ်ဆီးဟာ ဒုတိယရာသီဝက်မှာ စွမ်းဆောင်ရည်တွေ ကောင်းမွန်ခြင်းနဲ့အတူ အဆင့် ၆ နေရာထိ တက်ရောက်လာခဲ့ပါတယ်။

ခရီးလမ်းတစ်ဝက်မှာ ပိုချက်တီနို ထွက်ခွာတဲ့နောက် ချယ်ဆီး တာဝန်ရှိသူတွေက နည်းပြသစ် ရှာဖွေတော့မှာပါ။ ၎င်းတို့ကတော့ ငယ်ရွယ်ပြီး အလားအလာရှိတဲ့ နည်းပြမျိုးကို အလိုရှိနေတယ်လို့ သိရပါတယ်။

ပိုချက်တီနို ထွက်ခွာပြီးနောက် ချယ်ဆီး နည်းပြ ဖြစ်လာနိုင်သူ စာရင်းတွေ ထွက်ပေါ်လာခဲ့ပြီလည်း ဖြစ်ပါတယ်။

ချယ်ဆီး နည်းပြသစ်ဖြစ်လာနိုင်သူထဲ ပါဝင်လာသူ တစ်ဦးကတော့ လိဂ်ဝမ်းကနေ ၂ ရာသီအတွင်း အစ်ဝစ်ချ်အသင်းကို ပရီးမီးယားလိဂ်ထံ တန်းတက်လာအောင် ဆက်တိုက် ကြိုးစားပေးနိုင်တဲ့ မက်ကန်နာ ပါဝင်လာပါတယ်။

ယူနိုက်တက် လက်ထောက်နည်းပြဟောင်းဟာ အသက် ၃၈ နှစ်ပဲ ရှိသေးပြီး အင်္ဂလန်ဘောလုံးလောကကို နားလည်နိုင်စွမ်းရှိသူ အဖြစ် နာမည်ကောင်းရနေပါတယ်။ ၎င်းအပြင် ဘရိုက်တန်မှ ဒီဇာဘီ၊ ၊ ဘရန့်ဖိုဒ့်မှ သောမက်စ် ဖရန့်၊ ဘန်လေမှ ကွန်ပနီနဲ့ လက်စတာမှ မာရက်စကာတို့ကိုလည်း ချယ်ဆီးက စိတ်ဝင်စားပါတယ်။

အင်္ဂလန်ပြင်ပကနေတော့ စပို့တင်းနည်းပြ အမ်မိုရင်းအပြင် ဟန်စီ ဖလစ်၊ နာဂယ်စမန်းတို့လည်း ချယ်ဆီး နည်းပြလောင်းစာရင်းထဲ ပါဝင်နေပြီဖြစ်ပါတယ်။