ချယ်ဆီးနဲ့ သီယေဂိုဆေးဗားတို့ အပြောင်းအရွှေ့ နောက်ကွယ်မှာ အဓိက ပါဝင်ခဲ့တဲ့ နေမာ

ပီအက်စ်ဂျီ ကြယ်ပွင့် ကစားသမား နေမာ က သီယေဂိုဆေးဗား တစ်ယောက် ချယ်ဆီးထံ ပြောင်းရွှေ့ ဖြစ်ခဲ့ရာမှာ နောက်ကွယ်က အဓိက ပါဝင်တိုက်တွန်းခဲ့သူ ဖြစ်တယ်လို့ ပြင်သစ် သတင်းတွေက ဖော်ထုတ်ထားပါတယ်။

အသက် ၃၅ နှစ် ရှိပြီ ဖြစ်တဲ့ ဝါရင့် ခံစစ်မှူး ဆေးဗားဟာ ပြီးခဲ့တဲ့ လကပဲ စတန်းဖို့ ဘရစ်ချ်ထံ တစ်နှစ် စာချုပ်နဲ့ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီနဲ့ အတူ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ် ဗိုလ်လုပွဲထိ ရောက်ခဲ့ပေမယ့် ဖိုင်နယ်မှာ ဘိုင်ယန်မြူးနစ်ကို မကျော်ဖြတ်နိုင်လို့ ကျန်ခဲ့ရတဲ့နောက် ဆေးဗားဟာ သူ့အရည်အချင်းတွေကို တခြားမှာ စမ်းသပ်ချင်ခဲ့ပါတယ်။

ချယ်ဆီးနည်းပြ ဖရန့်လမ်းပတ်ကတော့ အပြောင်းအရွှေ့ ဈေးကွက်ထဲမှာ သူ အလိုရှိတဲ့သူတွေကို အသင်းတာဝန်ရှိသူတွေနဲ့ ပါးပါးနပ်နပ် ပူးပေါင်းဆောင်ရွက်ကာ ခေါ်ယူနိုင်ခဲ့ပြီး ဒီနွေ အသုံးစရိတ် ပေါင် သန်း ၂၀၀ ကျော်ခဲ့ပြီ ဖြစ်ပါတယ်။ ကစားသမားတွေကို တစ်ဦးချင်း ပြောဆိုညှိနှိုင်းမှုတွေပါ လမ်းပတ်က ပြုလုပ်ခဲ့ပါတယ်။

ဒါကြောင့်လည်း တီမိုဗာနာ၊ ကိုင်ဟာဗက်ဇ်နဲ့ ဇီယက်တို့ဟာ လမ်းပတ်ဦးဆောင်တဲ့ အသင်းထံ လိုလိုလားလား လာခဲ့တာ ဖြစ်ပြီး ပီအက်စ်ဂျီကနေ ဆေးဗား ပြောင်းရွှေ့လာခဲ့တာတော့ သူ့ရဲ့ အသင်းဖော် နေမာရဲ့ အကြံပေး တိုက်တွန်းမှု ပါဝင်ခဲ့ပါတယ်။

တယ်လီဂရပ်ဖ် အဆိုအရတော့ ဆေးဗားဟာ အေစီမီလန်ထံကလည်း ကမ်းလှမ်းမှု ရခဲ့ပြီး နောက်အသင်း ပြောင်းရွှေ့ဖို့ နေမာ၊ ဝီလီယံတို့နဲ့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ နေမာကတော့ ချယ်ဆီး ထံ သွားဖို့ ဘွင်းဘွင်းပဲ တိုက်တွန်းခဲ့ပြီး အခုနေ ငြင်းရင် နောက်ကျ နောင်တ ရနေလိမ့်မယ်လို့ပါ သတိပေးခဲ့ပါတယ်။

ဝီလီယံကလည်း ဆေးဗားသာ ချယ်ဆီးလာမယ် သိရင် မပြောင်းဘဲ ဆက်နေခဲ့ပါတယ်လို့ အရွှန်းဖောက်ကာ တုန့်ပြန်ခဲ့ကြောင်း နီးစပ်တဲ့ အသိုင်းအဝိုင်းက ဖော်ထုတ်ခဲ့ပါတယ်။

ပီအက်စ်ဂျီနည်းပြ တူချယ်ဟာ ဆေးဗားကို ၉ရာသီမြောက် အသင်းမှာ ဆက်ရှိစေလိုခဲ့ပေမယ့် ကစားသမားကတော့ ဘိုင်ယန်မြူးနစ်ကို ချန်ပီယံလိဂ်မှာ အရေးနိမ့်ပြီးနောက် နေရာသစ်မှာ ကြိုးစားချင်ခဲ့ကာ ချယ်ဆီးကို ရွေးချယ်ခဲ့ပါတယ်။

Zawgyi – ပီအက္စ္ဂ်ီ ၾကယ္ပြင့္ ကစားသမား ေနမာ က သီေယဂိုေဆးဗား တစ္ေယာက္ ခ်ယ္ဆီးထံ ေျပာင္းေရႊ႕ ျဖစ္ခဲ့ရာမွာ ေနာက္ကြယ္က အဓိက ပါ၀င္တိုက္တြန္းခဲ့သူ ျဖစ္တယ္လို႔ ျပင္သစ္ သတင္းေတြက ေဖာ္ထုတ္ထားပါတယ္။

အသက္ ၃၅ နွစ္ ရွိျပီ ျဖစ္တဲ့ ၀ါရင့္ ခံစစ္မွဴး ေဆးဗားဟာ ျပီးခဲ့တဲ့ လကပဲ စတန္းဖို႔ ဘရစ္ခ်္ထံ တစ္နွစ္ စာခ်ဳပ္နဲ႕ ေရာက္ရွိခဲ့တာ ျဖစ္ပါတယ္။ ပီအက္စ္ဂ်ီနဲ႕ အတူ ျပီးခဲ့တဲ့ရာသီ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲထိ ေရာက္ခဲ့ေပမယ့္ ဖိုင္နယ္မွာ ဘိုင္ယန္ျမဴးနစ္ကို မေက်ာ္ျဖတ္နုိင္လို႔ က်န္ခဲ့ရတဲ့ေနာက္ ေဆးဗားဟာ သူ႔အရည္အခ်င္းေတြကို တျခားမွာ စမ္းသပ္ခ်င္ခဲ့ပါတယ္။

ခ်ယ္ဆီးနည္းျပ ဖရန္႔လမ္းပတ္ကေတာ့ အေျပာင္းအေရႊ႕ ေစ်းကြက္ထဲမွာ သူ အလိုရွိတဲ့သူေတြကို အသင္းတာ၀န္ရွိသူေတြနဲ႕ ပါးပါးနပ္နပ္ ပူးေပါင္းေဆာင္ရြက္ကာ ေခၚယူနိုင္ခဲ့ျပီး ဒီေႏြ အသံုးစရိတ္ ေပါင္ သန္း ၂၀၀ ေက်ာ္ခဲ့ျပီ ျဖစ္ပါတယ္။ ကစားသမားေတြကို တစ္ဦးခ်င္း ေျပာဆိုညွိနိႈင္းမႈေတြပါ လမ္းပတ္က ျပဳလုပ္ခဲ့ပါတယ္။

ဒါေၾကာင့္လည္း တီမိုဗာနာ၊ ကိုင္ဟာဗက္ဇ္နဲ႕ ဇီယက္တို႔ဟာ လမး္ပတ္ဦးေဆာင္တဲ့ အသင္းထံ လိုလိုလားလား လာခဲ့တာ ျဖစ္ျပီး ပီအက္စ္ဂ်ီကေန ေဆးဗား ေျပာင္းေရႊ႕လာခဲ့တာေတာ့ သူ႔ရဲ႕ အသင္းေဖာ္ ေနမာရဲ႕ အၾကံေပး တိုက္တြန္းမႈ ပါ၀င္ခဲ့ပါတယ္။

တယ္လီဂရပ္ဖ္ အဆိုအရေတာ့ ေဆးဗားဟာ ေအစီမီလန္ထံကလည္း ကမ္းလွမ္းမႈ ရခဲ့ျပီး ေနာက္အသင္း ေျပာင္းေရႊ႕ဖို႔ ေနမာ၊ ၀ီလီယံတို႔နဲ႕ ေဆြးေႏြးခဲ့တယ္လို႔ သိရပါတယ္။ ေနမာကေတာ့ ခ်ယ္ဆီး ထံ သြားဖို႔ ဘြင္းဘြင္းပဲ တိုက္တြန္းခဲ့ျပီး အခုေန ျငင္းရင္ ေနာက္က် ေနာင္တ ရေနလိမ့္မယ္လို႔ပါ သတိေပးခဲ့ပါတယ္။

၀ီလီယံကလည္း ေဆးဗားသာ ခ်ယ္ဆီးလာမယ္ သိရင္ မေျပာင္းဘဲ ဆက္ေနခဲ့ပါတယ္လို႔ အရႊန္းေဖာက္ကာ တုန္႔ျပန္ခဲ့ေၾကာင္း နီးစပ္တဲ့ အသိုင္းအ၀ိုင္းက ေဖာ္ထုတ္ခဲ့ပါတယ္။

ပီအက္စ္ဂ်ီနည္းျပ တူခ်ယ္ဟာ ေဆးဗားကို ၉ရာသီေျမာက္ အသင္းမွာ ဆက္ရွိေစလိုခဲ့ေပမယ့္ ကစားသမားကေတာ့ ဘိုင္ယန္ျမဴးနစ္ကို ခ်န္ပီယံလိဂ္မွာ အေရးနိမ့္ျပီးေနာက္ ေနရာသစ္မွာ ၾကိဳးစားခ်င္ခဲ့ကာ ခ်ယ္ဆီးကို ေရြးခ်ယ္ခဲ့ပါတယ္။