မန်ယူ ကို အဆင့် ၄၊ စပါးကို အဆင့် ၉ လို့ ဘောလုံးရာသီ အစက ပြောခဲ့တဲ့ မိုက်ကယ်အိုဝင် ခန့်မှန်းချက် ဘယ်လောက်ထိမှန်၊ ဘာတွေ မှားခဲ့သလဲ

၂၀၂၃-၂၄ ဘောလုံးရာသီ မစတင်ခင်က ရာသီသိမ်းမှာ ထွက်ပေါ်လာမယ့် ပရီးမီးယားလိဂ် အမှတ်ပေးဇယား ကို မိုက်ကယ် အိုဝင် ကြိုတင် ခန့်မှန်းချက် ထုတ်ခဲ့ရာ အသင်း တချို့ကို ကွက်တိမှန်ခဲ့တာ ရှိသလို တချို့ကလည်း တက်တက်စင်အောင် လွဲမှားမှုတွေ ရှိခဲ့ပါတယ်။

သိသာတဲ့ လွဲချက်ကတော့ အိုဝင်က မန်ချက်စတာ ယူနိုက်တက်ကို ချန်ပီယံလိဂ် ဝင်ခွင့် ရမယ် မှန်းခဲ့ပေမယ့် ယူနိုက်တက် ဟာ သမိုင်းတလျောက် အနိမ့်ဆုံး အဆင့် ဖြစ်တဲ့ အဆင့် ၈ နဲ့ ရာသီ သိမ်းခဲ့တာပါ။

ဒါ့အပြင် အိုဝင်က စပါးအသင်းကို အဆင့် ၉ လို့ ခန့်မှန်းခဲ့ပြီး စပါးအသင်းက ရာသီသိမ်းချိန်မှာ အဆင့် ၅ ရခဲ့သလို ဘန်လေ အသင်းကိုလည်း တန်းမဆင်းဘဲ ဆက်လက် တင်ကျန်ခဲ့မယ် လို့ အိုဝင်က ခန့်မှန်းခဲ့ပါသေးတယ်။

မျှမျှတတ ပြောရရင်တော့ မိုက်ကယ်အိုဝင် ခန့်မှန်းတာ ဖြစ်နိုင်မျှတတာတွေ ရှိခဲ့ပြီး မှန်ကန်တာတွေလည်း ရှိခဲ့ပါတယ်။

မိုက်ကယ်အိုဝင် ခန့်မှန်းချက်နဲ့ ရာသီကုန် ထွက်ပေါ်လာတဲ့ ဇယားကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

အကုန် ပြန်ခြုံကြည့်မယ် ဆိုရင်တော့ ကလပ် အသင်း ၄ သင်းကို အိုဝင်က ကွက်တိ မှန်အောင် မှန်းနိုင်ခဲ့ပြီး တစ်နေရာ၊ နှစ်နေရာလောက်က တက်တက်စင် လွဲသွားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် မဆိုးတဲ့ အနေအထားလို့ ဆိုနိုင်ပါတယ်။