ဒီလာမယ့် စနေနေ့မှာတော့ မန်ချက်စတာ စီးတီးနဲ့ မန်ချက်စတာ ယူနိုက်တက် တို့ဟာ အက်ဖ်အေဖလား ဗိုလ်လုပွဲ အဖြစ် ဝင်ဘာလေမှာ ထိပ်တိုက်တွေ့ကြတော့မှာ ဖြစ်ပါတယ်။
ယူနိုက်တက် ကစားသမားဟောင်း နဗီးနဲ့ ဂန်းနားဟောင်း အီရန်ရိုက်တို့က အက်ဖ်အေဖလား ဖိုင်နယ်ပွဲမှာ အနိုင်ရ ဗိုလ်စွဲမယ့် အသင်းကို ‘The Overlap’ အစီအစဉ်ကနေ တဆင့် ကြိုတင် ခန့်မှန်းလာပါတယ်။
သရဲနီဟောင်း ဂယ်ရီနဗီးက အက်ဖ်အေဖလား ဖိုင်နယ်မှာ သူ့အသင်းဟောင်း ယူနိုက်တက်က စီးတီးကို အနိုင်ယူသွားမယ်လို့ ခန့်မှန်းခဲ့တာပါ။ သူ့ရဲ့ ခန့်မှန်းကို ဂန်းနားဟောင်းကြီးက သဘောမတူပါဘူး။
အီရန်ရိုက်က ” ဂယ်ရီ ရဲ့ ယူနိုက်တက်က မန်စီးတီးကို မနိုင်ပါဘူး။ ယူနိုက်တက် အနိုင်ရဖို့ မရှိပါဘူး။ မင်းပြောတာကို ထောက်ခံပေးချင်ပေမယ့် ယူနိုက်တက် နိုင်မယ်လို့ ခံစားမိစရာ ဘာတစ်ခုမှ မရှိပါဘူး။
ရိုးရိုးသားသား ပြောရရင် ယူနိုက်တက်က မန်စီးတီးကို အနိုင်ရသွားတာမျိုးကို မြင်ရမယ်ဆိုရင် ငါ သိပ်ကို သဘောကျမိမှာပါ။ ” လို့ ခန့်မှန်းခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီးက ဆီမီးဖိုင်နယ်မှာ ချယ်ဆီးကို ဖြုတ်လာခဲ့ခြင်းဖြစ်ကာ ယူနိုက်တက်က ချန်ပီယံရှစ်ကလပ် ကိုဗင်ထရီကို အနိုင်ရပြီး ဒီအဆင့်ထံ တက်ရောက်လာတာပါ။ ယူနိုက်တက်ဟာ ကွာတားဖိုင်နယ်မှာတော့ ကလော့ပ်ရဲ့ လီဗာပူးကို အံ့အားသင့်ဖွယ် အနိုင်ယူခဲ့ပါသေးတယ်။
ဖိုင်နယ်မှာတော့ မန်ချက်စတာ ကလပ်နှစ်သင်းကြား အားပြိုင်မှုမှာတော့ ဘယ်အသင်း အသာစီးရသွားမလဲ စိတ်ဝင်စားဖွယ်ဖြစ်ပြီး မန်စီးတီးကတော့ ပိုမို ရေပန်းစားနေမှာ ဖြစ်ပါတယ်။