ဒီနေ့ စနေနေ့ မြန်မာစံတော်ချိန် ည ၈ နာရီခွဲအချိန် ဝင်ဘာလေကွင်းကြီးမှာ မန်စီးတီးနဲ့ မန်ချက်စတာ ယူနိုကတက်တို့ အက်ဖ်အေဖလား ဖိုင်နယ် ယှဉ်ပြိုင်ကစားကြရမှာဖြစ်ပါတယ်။
အက်ဖ်အေဖလားကို မန်စီးတီးကော၊ ယူနိုက်တက်ပါ တတိယအဆင့်ကနေ ပါဝင် ယှဉ်ပြိုင်လာခဲ့ကြခြင်းဖြစ်ကာ လက်ရှိ အချိန်မှာ ဆုကြေး ပေါင် ၁.၉ သန်းစီ ရရှိထားကြပါပြီ။
အက်ဖ်အေဖလားကို အနိုင်ရတဲ့အသင်းက ပေါင် ၂ သန်းရမှာဖြစ်ပြီး ပြိုင်ပွဲတစ်လျှောက် ဆုကြေး အားလုံးပေါင်းလိုက်ရင် ပေါင် ၃.၉ သန်းနီးပါးရမှာဖြစ်ပါတယ်။
ဒုတိယနေရာက အသင်းကတော့ ပေါင် ၁ သန်း ရမှာဖြစ်ကာ ပြိုင်ပွဲတစ်လျှောက် ဆုကြေး အားလုံးနဲ့ဆိုရင် ပေါင် ၂.၉ သန်း ရရှိပါမယ်။
မန်စီးတီး အနိုင်ရမယ်ဆိုရင် အဆင့် ၆ နေရာက ချယ်ဆီးအသင်း ယူရိုပါလိဂ် ဝင်ခွင့်ရမှာဖြစ်ကာ အဆင့် ၇ နေရာက နယူးကာဆယ်က ယူရိုပါလိဂ် ကွန်းဖရန့်ထံ ပါဝင် ယှဉ်ပြိုင်ခွင့်ရပါမယ်။
အမှတ်ပေးဇယား အဆင့် ၈ နေရာမှာ ရပ်တည်နေတဲ့ ယူနိုက်တက်ဟာ လာမယ့်ရာသီ ဥရောပဝင်ခွင့် မရထားပါဘူး။ ယူနိုက်တက်တို့ အက်ဖ်အေဖလား အောင်မြင်မယ်ဆိုရင် နောက်ရာသီ ယူရိုပါလိဂ်ဝင်ခွင့် ရရှိမှာပါ။
ယူရိုပါလိဂ်မှာ တိုက်ရိုက် ပါဝင်နိုင်တဲ့ကလပ်ဟာ ပြိုင်ပွဲအတွင်း ပါဝင်နိုင်ခြင်းကြောင့် ဆုကြေး ပေါင် ၃ သန်းရဖို့ရှိသလို အုပ်စုအဆင့် ပွဲစဉ်တွေကို ၁ ပွဲအနိုင်ရတိုင်း ပေါင် ၅ သိန်းရရှိမှာဖြစ်ပါတယ်။