မန်ချက်စတာ ယူနိုက်တက်က တန်ဟက်ကို ဆက်ပြီး ခန့်၊ မခန့် ဆုံးဖြတ်တော့မည်၊ တန်ဟက်ကလည်း အမြန် သိချင်နေပါပြီ

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ နည်းပြနေရာမှာ အဲရစ်တန်ဟက်ကို ဆက် ထားသင့်လားဆိုတာကို ဒီအပတ်အတွင်း ဆွေးနွေး ဆုံးဖြတ်သွားတော့မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ယူနိုက်တက်အတွက် သူ့ရဲ့ ဒုတိယမြောက် ဖလားအဖြစ် အက်ဖ်အေဖလားကို ရယူပေးပြီးနောက် တန်ဟက်က အားလပ်ရက် ယူကာ အင်္ဂလန်ကနေ ထွက်ခွာသွားခဲ့ပါပြီး

အက်ဖ်အေဖလား အောင်မြင်ခဲ့ပေမယ့် နယ်သာလန်သား နည်းပြဟာ ယူနိုက်တက်ကနေ ထွက်ခွာရဖွယ် ရှိနေဆဲဖြစ်ပါတယ်။ တန်ဟက်ကလည်း သူ့အနာဂတ်နဲ့ ပတ်သတ်ပြီး ယူနိုက်တက်ဘက်က အမြန် ဆုံးဖြတ်ချက် ချစေလိုနေပါတယ်။

တန်ဟက်ကို ဆက်ထား မထား ဆုံးဖြတ်ချက်ကို ယူနိုက်တက် တာဝန်ရှိသူတွေကပဲ စဉ်းစားသွားတော့မှာပါ။ ဒီတလောမှာ ချယ်ဆီးနည်းပြဟောင်း ပိုချက်တီနို၊ ဘရန့်ဖိုဒ့် နည်းပြ သောမက်စ် ဖရန့်တို့နဲ့ မန်ချက်စတာ ကလပ်ကြား စကားပြောမှု စတင်နေပြီဖြစ်ပါတယ်။

ချယ်ဆီးအသင်းရဲ့ နည်းပြသစ်အတွက် လျာထား ၄ ဦးစာရင်းထဲ မပါအဝင်ဖြစ်တဲ့ မက်ကန်နာ၊ သောမက်စ် ဖရန့်တို့ဟာ ယူနိုက်တက်ရဲ့ စောင့်ကြည့်ခြင်းတွေကိုလည်း ရရှိနေပါတယ်။

တန်ဟက်ကို ရာထူးကနေ ထုတ်ပယ်ပြီး နည်းပြသစ် ခန့်အပ်ဖို့ရာ ဆုံးဖြတ်ချက်တွေကိုတော့ ယူနိုက်တက်ရဲ့ ဘောလုံးဆိုင်ရာ အော်ပရေးရှင်းတွေကို ထိန်းချုပ်ခွင့်ရထားတဲ့ INEO အဖွဲ့ကပဲ အဓိက စီမံမှာဖြစ်ပါတယ်။

ယူနိုက်တက်ရဲ့ မန်နေဂျာလောင်း စာရင်းက အခြေအနေပေါ် မူတည်ပြီး ထပ်တိုး စာရင်း ထွက်ရှိလာနိုင်ကာ လက်တလောမှာ ၅ ဦးလောက်ကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။