လာမယ့် ၂၀၂၄-၂၅ ဘောလုံးရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲသစ်မှာတော့ ပရီးမီးယားလိဂ်ကလပ် ၂ သင်းက Pot 1 တွေရကြပြီး အာဆင်နယ် Pot 2 နဲ့ အက်စတွန်ဗီလာက Pot 4 အသင်းအဖြစ် ပါဝင်သွားရမှာဖြစ်ပါတယ်။
၂၀၂၄-၂၀၂၅ ဘောလုံးရာသီမှာ မဲအိုးတွေကို ပြည်တွင်းချန်ပီယံတွေအဖြစ် ခွဲတော့မှာ မဟုတ်ဘဲ UEFA club coefficient ရမှတ်တွေဖြင့် ခွဲသွားဖို့ ရှိပါတယ်။
ပရီးမီးယားလိဂ်ကလပ် မန်စီးတီးက လက်ရှိမှာ UEFA club coefficient ရဲ့ နံပါတ် ၁ အသင်းဖြစ်သလို လီဗာပူးကလည်း နံပါတ် ၅ အသင်းဖြစ်တာကြောင့် Pot 1 တွေရခဲ့ကြတာဖြစ်ပါတယ်။
အာဆင်နယ်ကတော့ ယူအီးအက်ဖ်အေ အမှတ်ပေးမှုမှာ အဆင့် ၂၂ မှာပဲ ရှိနေသေးတာကြောင့် Pot 2 ပဲရမှာဖြစ်ကာ အက်စတွန်ဗီလာကဆိုရင် Pot 4 ကနေ ပါဝင်သွားရမှာဖြစ်ပါတယ်။
နောက်ရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲဟာ ၃၂ သင်းအစား ၃၆ သင်းအထိ ကလပ် ၄ သင်း တိုးချဲ့လာဖို့ရှိပါတယ်။ စနစ်သစ် အရ မဲအိုး ၁ ခုစီက ကလပ် ၂ သင်းစီဖြင့် အိမ်ကွင်းပွဲ ၄ ပွဲ၊ အဝေးကွင်းပွဲ ၄ ပွဲကို အမှတ်ပေးပွဲပုံစံ ယှဉ်ပြိုင်ကစားရမှာပါ။
ချန်ပီယံလိဂ် မဲအိုး အသာရခြင်းဟာ ကိုယ့်ရဲ့ ပြိုင်ဘက်တွေအပေါ် ကွာခြားမှု ရှိသွားနိုင်ပြီး မန်စီးတီး၊ လီဗာပူးတို့က Pot 1 ထဲက ပြိုင်ဘက် ၁ သင်းကိုပဲ ရင်ဆိုင်ရမှာဖြစ်ကာ အာဆင်နယ်၊ အက်စတွန်ဗီလာတို့ကတော့ Pot 1 ထဲက ၂ သင်းကို ပြိုင်ဘက်အဖြစ် ရင်ဆိုင်ရမှာဖြစ်ပါတယ်။
၂၀၂၄-၂၀၂၅ ချန်ပီယံလိဂ် ဖြစ်လာဖွယ် မဲအိုးများ
POT 1: မန်စီးတီး၊ ဘိုင်ယန်မြူးနစ်၊ ရီးရဲလ်မက်ဒရစ်၊ ပီအက်စ်ဂျီ၊ လီဗာပူး၊ အင်တာမီလန်၊ ဒေါ့မွန်၊ လိုက်ဇစ်၊ ဘာစီလိုနာ။
Pot 2: လေဗာကူဆင်၊ အက်သလက်တီကို မက်ဒရစ်၊ အတ္တလန်တာ၊ ဂျူဗင်တပ်၊ ဘင်ဖီကာ၊ အာဆင်နယ်၊ အေစီမီလန်။
Pot 3: ဖီယင်နု၊ စပို့တင်း၊ ပီအက်စ်ဗီ၊ ဆဲလ်တစ်။
Pot 4: မိုနာကို၊ ဘိုလော့ညာ၊ အက်စတွန်ဗီလာ၊ ဂျီရိုနာ၊ စတုဂတ်၊ စတမ်ဂရက်ဇ်၊ ဘရတ်စတွာစ်။