မန်စီးတီး နောက်ခံလူ ကိုင်လီ ဝေါ်ကာကတော့ ကမ္ဘာ့အကောင်းဆုံး ညာအစွန်လူ ဘယ်သူလဲ မေးခွန်းထုတ်ခံရချိန်မှာ အင်္ဂလန် အသင်းဖော်လည်း ဖြစ်သလို ပရီးမီးယားလိဂ် ပြိုင်ဘက် အသင်းကြီးမှလည်း ဖြစ်တဲ့ ‘ ရိစ်ဂျိမ်းပါ ‘ လို့ ပြတ်ပြတ်သားသား အဖြေပေးခဲ့ပါတယ်။
အသက် ၂၄ နှစ်အရွယ် ညာအစွန်လူဟာ ဒီရာသီမှာ ဒဏ်ရာရဲ့ သားကောင်းဖြစ်နေခဲ့တာကြောင့် ပုံမှန်ပွဲထွက်ပေးနိုင်ခြင်း မရှိပါဘူး။ ရလဒ်အားဖြင့် ၂၀၂၄ ယူရိုပြိုင်ပွဲဝင်မယ့် အင်္ဂလန်လူစာရင်းကနေ ဖယ်ထုတ်ခံခဲ့ရပါတယ်။
မန်စီးတီး ခံစစ်သမား ဝေါ်ကာကတော့ ချယ်ဆီးအသင်းကြယ်ပွင့်ကို ကမ္ဘာ့အကောင်းဆုံး ညာအစွန်လူအဖြစ် တင်စားလိုက်ပါတယ်။
ဝေါ်ကာက ပြောရာမှာ ‘ ရိစ်ဂျိမ်းက အရည်အချင်း အကုန်လုံးရှိပါတယ်။ အကုန်လုံးပါ။ ပြီးပြည့်သုံတဲ့ ညာအစွန်လူ တစ်ဦးကို မြင်လိုရင် ရိစ်ဂျိမ်းကိုပဲ ကြည့်လိုက်ပါ။
သူက ခုခံနိုင်တယ်၊ တိုက်စစ်ကစားနိုင်တယ်၊ နည်းစနစ်လည်း ကောင်းသလို ဘယ်ခြေကော ညာခြေပါ ကစားနိုင်တယ်။ တည်ကန်ဘောတွေမှာဆိုလည်း သူက ခြိမ်းခြောက်နိုင်ပြီး သိပ်မြန်ပါတယ်။
ပြီးပြည့်စုံတဲ့ ညာအစွန်လူ တစ်ဦးကို ဖန်တီးဖို့ဆိုရင် ကျနော်ထံက သန်မာတာ၊ ဟာကီမီရဲ့ မြန်နှုန်း၊ ကန်ဆယ်လိုရဲ့ နည်းစနစ်အရည်အချင်း၊ ထရန့်ရဲ့ ပေးချက်၊ ကာဗာဂျယ်ရဲ့ စိတ်ပိုင်းဆိုင်ရာ သန်မာမှုနဲ့ ရိစ်ဂျိမ်းရဲ့ ဘောလုံးဦးနှောက်တို့ လိုပါလိမ့်မယ်။
ဒါပေမယ့် ကျနော် ပြောတဲ့ အရည်အချင်းတွေ အားလုံးပေါင်းစပ်ထားတဲ့သူက ရိစ်ဂျိမ်းပဲလေ။ သူ့မှာ အရည်အချင်း အားလုံး ရှိနေပါတယ် ’ လို့ မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။