မန်ချက်စတာ ယူနိုက်တက် ဟာ လက်ရှိ နည်းပြ အဲရစ်တန်ဟက်ကို ထုတ်ပယ်ဖို့ ပြင်ဆင်နေကြောင်း နာမည်ကြီး သတင်းထောက် ရိုမန်နို က ဖော်ထုတ်လာပါတယ်။
တန်ဟက်ရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး မန်ချက်စတာ ယူနိုက်တက်ဟာ ဖိုင်နယ် ဆုံးဖြတ်ချက် မချရသေးပါဘူး။ ပြီးခဲ့တဲ့ ရာသီက စွမ်းဆောင်ရည်နဲ့ ရလဒ်တွေကို အသင်းဘက်က စိစစ် အကဲဖြတ်နေဆဲလည်း ဖြစ်ပါတယ်။
ဒါပေမယ့် ယူနိုက်တက်ဟာ ဒီတလောမှာ သူတို့ခန့်အပ်ချင်နေတဲ့ မန်နေဂျာ၊ နည်းပြတွေရဲ့ အေးဂျင့်တွေနဲ့ meetings တွေ လုပ်ကာ တွေ့ဆုံ ဆွေးနွေးထားတယ်လို့ သိရပါတယ်။ တန်ဟက်ရဲ့ အနာဂတ်ကို အသိပေးရဖို့ကလည်း ရက်ပိုင်းသာ ကျန်တော့တာပါ။
နယ်သာလန်သား နည်းပြဟာ အက်ဖ်အေဖလား ရယူပြီးနောက် အားလပ်ရက် ယူဖို့ ထွက်ခွာသွားပြီး အနားယူနေတာ ဖြစ်ပါတယ်။ သူ့အနာဂတ်နဲ့ ပတ်သတ်ပြီး ဆာဂျင် ရက်ကလစ်ဖ်တို့ ဘယ်လို ဆုံးဖြတ်မလဲ ဆိုတာ မသိရသေးပါဘူး။
ဒီရက်ပိုင်းမှာတော့ တန်ဟက်ကို ဆက် ခန့်၊ မခန့် ယူနိုက်တက်က အသိပေးရတော့မှာ ဖြစ်ပြီး တန်ဟက်ကလည်း ယူနိုက်တက်ကနေ ထွက်ခွာဖြစ်ရင်တောင် နောက်ရာသီမှာ ကလပ်အသင်းသစ် တသင်းသင်းကို ကိုင်တွယ်လိုနေပါတယ်။