ချယ်ဆီး ကွင်းလယ်ကစားသမား ကန်တေဟာ အင်တာမီလန်အသင်းရဲ့ စိတ်ဝင်စားမှု ခံနေရပြီး အသုံးစရိတ်လိုနေတဲ့ ချယ်ဆီး အနေအထားကြောင့် အသင်းပြောင်းရဖွယ် ရှိကြောင်း သတင်းထွက်နေပါတယ်။ ဒါပေမယ့် ကန်တေဟာ ချယ်ဆီးမှာပဲ ဆက်ရှိနေဖို့ ဆုံးဖြတ်ထားကြောင့် ပြင်သစ်က သတင်းဌာနတွေက ဖော်ထုတ်ထားပါတယ်။
အသက် ၂၉ နှစ် အရွယ် ပြင်သစ်သားဟာ ပြီးခဲ့တဲ့ရာသီမှာ ဒဏ်ရာများကြောင့် ရုန်းကန်နေရပြီး ပရီးမီးယားလိဂ်ပွဲ ၂၂ ပွဲ သာ ကစားထားခဲ့ရပါတယ်။ ကန်တေဟာ ချယ်ဆီးအသင်းနဲ့ အတူ ၂၀၁၇ ပရီးမီးယားလိဂ် ဗိုလ်စွဲခဲ့တဲ့ နည်းပြကွန်တီရဲ့ အသင်းမှာ အဓိက ကစားသမား တစ်ဦး ဖြစ်ပါတယ်။ ဒါကြောင့် ကွန်တီက ၎င်း လက်ရှိ ကိုင်တွယ်နေတဲ့ အင်တာမီလန်အသင်းထံ ခေါ်ယူလိုနေပါတယ်။
ကန်တေကို အင်တာမီလန်က ကနဦး အငှားနဲ့ ခေါ်ပြီး ယူရို သန်း ၅၀ နဲ့ အပြီးသတ် ခေါ်ယူခွင့် ပါတဲ့ သဘောတူညီမှုမျိုး ရရှိနိုင်ဖို့ မျှော်လင့်ထားပါတယ်။ ဒါပေမယ့် ကန်တောကတော့ ဒီနွေမှာ ချယ်ဆီးကနေ ထွက်ဖို့ လုံး၀ စိတ်ကူးမရှိဘူးလို့ သိရပါတယ်။
ဒါ့အပြင် ချယ်ဆီးဘက်ကလည်း ကန်တေကို ရောင်းချလိုခြင်း မရှိဘဲ နည်းပြ လမ်းပတ် ကိုယ်တိုင် လာမယ့်ရာသီမှာ ကန်တေ တစ်ယောက် အကောင်းဆုံး ပုံစံနဲ့ ပါဝင်နိုင်ဖို့ မျှော်လင့်ချက် ရှိထားပါတယ်။
” ကန်တေ အကြောင်းပြောမယ်ဆိုရင် တချို့ သတင်းတွေမှာ သူနဲ့ ကလပ်အနာဂတ် ကိစ္စ ပြောနေကြတာတွေ့ပါတယ်။ ကျနော် အန်ဂိုလို အကြောင်း ခဏခဏကို ပြောပါတယ်။ ကမ္ဘာ့ အကောင်းဆုံး ကွင်းလယ်သမားတွေထဲက တစ်ယောက် ဖြစ်တယ်။ ကျနော်တောင် သူနဲ့ အတူ ကစားချင်မိတယ်။ သူက အရာအားလုံး ပြည့်စုံတဲ့သူပါ။ ချယ်ဆီးကို ပြန်လာတဲ့ချိန်မှာ ကန်တေ အသင်းမှာ ရှိနေတာက ကျနော် သိပ် ကျေးဇူးတင်ရတဲ့ တစ်ချက်ပါ။
ပြီးခဲ့တဲ့ရာသီမှာ သူ့အတွက် ဒဏ်ရာတွေကြောင့် ခက်ခဲခဲ့ရတယ်။ အခု သူ့ကို နည်းနည်း လန်းဆန်းနေတာ မြင်ရတော့ သိပ်ကောင်းပါတယ်။ အသင်းနဲ့ အတူ ရှေ့ဆက်သွားဖို့မှာ သူက အရေးပါတဲ့သူပါ။ သူ့ကို ပုံမှန် ထည့် ကစားနိုင်ဖို့ လိုအပ်တယ်။ ဒါကို ရနိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။ ” လို့ နည်းပြ လမ်းပတ်က ကန်တေသတင်းတွေနဲ့ ပတ်သတ်ပြီး တုန့်ပြန်ထားပါတယ်။
Zawgyi – ခ်ယ္ဆီး ကြင္းလယ္ကစားသမား ကန္ေတဟာ အင္တာမီလန္အသင္းရဲ႕ စိတ္၀င္စားမႈ ခံေနရျပီး အသံုးစရိတ္လိုေနတဲ့ ခ်ယ္ဆီး အေနအထားေၾကာင့္ အသင္းေျပာင္းရဖြယ္ ရွိေၾကာင္း သတင္းထြက္ေနပါတယ္။ ဒါေပမယ့္ ကန္ေတဟာ ခ်ယ္ဆီးမွာပဲ ဆက္ရွိေနဖို႔ ဆံုးျဖတ္ထားေၾကာင့္ ျပင္သစ္က သတင္းဌာနေတြက ေဖာ္ထုတ္ထားပါတယ္။
အသက္ ၂၉ နွစ္ အရြယ္ ျပင္သစ္သားဟာ ျပီးခဲ့တဲ့ရာသီမွာ ဒဏ္ရာမ်ားေၾကာင့္ ရုန္းကန္ေနရျပီး ပရီးမီးယားလိဂ္ပြဲ ၂၂ ပြဲ သာ ကစားထားခဲ့ရပါတယ္။ ကန္ေတဟာ ခ်ယ္ဆီးအသင္းနဲ႕ အတူ ၂၀၁၇ ပရီးမီးယားလိဂ္ ဗိုလ္စြဲခဲ့တဲ့ နည္းျပကြန္တီရဲ႕ အသင္းမွာ အဓိက ကစားသမား တစ္ဦး ျဖစ္ပါတယ္။ ဒါေၾကာင့္ ကြန္တီက ၄င္း လက္ရွိ ကိုင္တြယ္ေနတဲ့ အင္တာမီလန္အသင္းထံ ေခၚယူလိုေနပါတယ္။
ကန္ေတကို အင္တာမီလန္က ကနဦး အငွားနဲ႕ ေခၚျပီး ယူရို သန္း ၅၀ နဲ႕ အျပီးသတ္ ေခၚယူခြင့္ ပါတဲ့ သေဘာတူညီမႈမ်ိဳး ရရွိနိုင္ဖို႔ ေမွ်ာ္လင့္ထားပါတယ္။ ဒါေပမယ့္ ကန္ေတာကေတာ့ ဒီေႏြမွာ ခ်ယ္ဆီးကေန ထြက္ဖို႔ လံုး၀ စိတ္ကူးမရွိဘူးလို႔ သိရပါတယ္။
ဒါ့အျပင္ ခ်ယ္ဆီးဘက္ကလည္း ကန္ေတကို ေရာင္းခ်လိုျခင္း မရွိဘဲ နည္းျပ လမ္းပတ္ ကိုယ္တိုင္ လာမယ့္ရာသီမွာ ကန္ေတ တစ္ေယာက္ အေကာင္းဆံုး ပံုစံနဲ႕ ပါ၀င္နိုင္ဖို႔ ေမွ်ာ္လင့္ခ်က္ ရွိထားပါတယ္။
” ကန္ေတ အေၾကာင္းေျပာမယ္ဆိုရင္ တခ်ိဳ႕ သတင္းေတြမွာ သူနဲ႕ ကလပ္အနာဂတ္ ကိစၥ ေျပာေနၾကတာေတြ႔ပါတယ္။ က်ေနာ္ အန္ဂိုလို အေၾကာင္း ခဏခဏကို ေျပာပါတယ္။ ကမၻာ့ အေကာင္းဆံုး ကြင္းလယ္သမားေတြထဲက တစ္ေယာက္ ျဖစ္တယ္။ က်ေနာ္ေတာင္ သူနဲ႕ အတူ ကစားခ်င္မိတယ္။ သူက အရာအားလံုး ျပည့္စံုတဲ့သူပါ။ ခ်ယ္ဆီးကို ျပန္လာတဲ့ခ်ိန္မွာ ကန္ေတ အသင္းမွာ ရွိေနတာက က်ေနာ္ သိပ္ ေက်းဇူးတင္ရတဲ့ တစ္ခ်က္ပါ။
ျပီးခဲ့တဲ့ရာသီမွာ သူ႔အတြက္ ဒဏ္ရာေတြေၾကာင့္ ခက္ခဲခဲ့ရတယ္။ အခု သူ႔ကို နည္းနည္း လန္းဆန္းေနတာ ျမင္ရေတာ့ သိပ္ေကာင္းပါတယ္။ အသင္းနဲ႕ အတူ ေရွ႕ဆက္သြားဖို႔မွာ သူက အေရးပါတဲ့သူပါ။ သူ႔ကို ပံုမွန္ ထည့္ ကစားနုိင္ဖို႔ လိုအပ္တယ္။ ဒါကို ရနိုင္မယ္လို႔လည္း ေမွ်ာ္လင့္ပါတယ္။ ” လို႔ နည္းျပ လမ္းပတ္က ကန္ေတသတင္းေတြနဲ႕ ပတ္သတ္ျပီး တုန္႔ျပန္ထားပါတယ္။