အာနယ်စလော့ က ကလော့ပ်နဲ့ မော်ရင်ညိုတို့ လယ်ဗယ်မှာ ရှိပါတယ် ဆိုလာတဲ့ လီဗာပူးကြယ်ပွင့်ဟောင်း

လီဗာပူး ကွင်းလယ် ကြယ်ပွင့်ဟောင်း ဝိုက်နယ်ဒန်ကတော့ လီဗာပူး အသစ် ခန့်လိုက်တဲ့ နယ်သာလန်သား နည်းပြ အာနယ်စလော့ နဲ့ ထရိန်နင်မှာ ကြုံဖူးပြီး သူ အထင်ကြီး သဘောကျရသူ ဖြစ်တယ်လို့ ချီးကျူးလိုက်ပါတယ်။ စလော့ ဟာ နာမည်ကြီး ဝါရင့်နည်းပြတွေ ဖြစ်တဲ့ ယာဂင်ကလော့ပ်နဲ့ ဂျို့စ် မော်ရင်ညိုတို့ ရဲ့ စံနှုန်းတွေကိုလည်း မှီတဲ့သူ လို့ ၎င်းက ဖော်ထုတ်လာပါတယ်။

စလော့ ဟာ ဖီယင်နုကနေ ထွက်ခွာလာပြီးနောက် လီဗာပူးအသင်းမှာ ယာဂင်ကလော့ပ် နေရာ ဆက်ခံလာသူ ဖြစ်လို့ အားလုံးက စောင့်ကြည့် အကဲခတ်နေကြတာပါ။

အသက် ၄၅ နှစ် အရွယ် နည်းပြ စလော့က ၂၀၂၃ မှာ နယ်သာလန် အမှတ်ပေးလိဂ်မှာ ဖီယင်နု အသင်း ဗိုလ်စွဲအောင် လုပ်ပြပြီး အများ သတိပြုမိခြင်း ခံလာရသူ ဖြစ်ပါတယ်။ ဝိုက်နယ်ဒန်ကလည်း နယ်သာလန်သား ပီပီ သူတို့ မြေမှာ စလော့ နာမည်ကောင်း ရှိတာကို သိထားသူပါ။

လက်ရှိ ဆော်ဒီကလပ် အယ်အက်တီဖတ်မှာ ကစားနေပြီ ဖြစ်တဲ့ ဝိုက်နယ်ဒန်ကတော့ အသင်းဟောင်း လီဗာပူးမှာ စလော့ နည်းပြ ဖြစ်လာတာကို သဘောကျနေပါတယ်။

” လီဗာပူးကတော့ ကလော့ပ်နေရာ ဆက်ခံသူကောင်း တစ်ယောက်ကို ရလိုက်တာလို့ ကျွန်တော် မြင်ပါတယ်။ သူတို့ အင်္ဂလန်မှာ စလော့ အကြောင်း ထဲထဲဝင်ဝင် မသိကြပေမယ့် သူက ဘာပြသနာမှာ မရှိပါဘူး။ ဖီယင်နုမှာ ဒီရာသီ အစောပိုင်းက ရက်ပိုင်းလောက် ကျွန်တော် ထရိန်နင် သွားဆင်းသေးတယ်။ အဲဒီမှာ စလော့ အလုပ်လုပ်တာကို တွေ့ခဲ့ရတယ်။

တကယ့်ကို high level တန်းမှာ ရှိတဲ့သူပါ။ ဒါကြောင့် သူက တကယ်ကို နည်းပြကောင်းလို့ ကျွန်တော် မြင်ပါတယ်။ သူ့ကို ကလော့ပ်တို့၊ မော်ရင်ညိုတို့နဲ့တောင် တန်းတူလယ်ဗယ်တန်း လို့ ကျွန်တော်တော့ နှိုင်းယှဥၤလိုက်ချင်တယ်။

သူက မတူညီတဲ့ ကမ္ဘာတစ်ခုက လာတာ ဟုတ်ပါတယ်။ ဒါပေမယ့် ဖီယင်နုမှာ လုပ်ခဲ့တာတွေ သူက ဒီမှာရော ဘာလို့ မလုပ်နိုင်ရမှာလဲ။ ? ” လို့ ဝိုက်နယ်ဒန်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးအသင်းရဲ့ စလော့ကို နည်းပြသစ် ခန့်တဲ့ ဆုံးဖြတ်ချက် အပေါ် နယ်သာလန်သား ဝါရင့် နည်းပြကြီး တစ်ဦး ဖြစ်တဲ့ လူးဝစ် ဗန်ဟားလ်ကလည်း ထောက်ခံထားပါတယ်။