တူချယ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ရဲ့ နည်းပြခန့်အပ်ရေး ဆွေးနွေးမှု ဘာလို့ အဆင်မပြေခဲ့သလဲ ထွက်ပေါ်လာ

မန်ချက်စတာ ယူနိုက်တက်နဲ့ သောမတ်စ် တူချယ်တော့ နည်းပြသစ် ရာထူးအတွက် အသေအချာ ဆွေးနွေးခဲ့ပေမယ့် စကားဝိုင်းက အဆင်မပြေဘဲ နှစ်ဦးနှစ်ဘက် သဘောတူ ရပ်တန့်လိုက်ရတဲ့ အကြောင်းအရင်းကတော့ ပေါက်ကြားလာခဲ့ပြီ ဖြစ်ပါတယ်။

တူချယ်ဟာ ပြီးခဲ့တဲ့ရာသီကုန်က ဘိုင်ယန်မြူးနစ်နဲ့ လမ်းခွဲခဲ့တာ ဖြစ်လို့ ဖရီးအေးဂျင့် အနေနဲ့ အသင်းသစ် လွတ်လွတ် လပ်လပ် ရှာဖွေနေခဲ့တာပါ။ ဂျာမန်သား နည်းပြဟာ မန်ချက်စတာ ယူနိုက်တက်မှာ တန်ဟက် နေရာ အစားထိုး ခန့်ချင်တဲ့ နည်းပြလောင်း စာရင်းထဲ ပါဝင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေ အတွင်း တူချယ်နဲ့ ယူနိုက်တက် တာဝန်ရှိသူတွေ ဆွေးနွေးမှု ရှိခဲ့သလို တူချယ်က ဆာဂျင် ရက်ကလစ်ဖ်နဲ့လည်း တစ်ဦးချင်း တွေ့ဆုံ ပြောဆိုခဲ့သေးတယ် လို့ သိရပါတယ်။ ဒါပေမယ့် ဆွေးနွေးမှုတွေ အဆင် မပြေတာကြောင့် အခုဆို တူချယ်က နည်းပြလောင်း စာရင်းထဲက ဖယ်ထုတ်ထားပြီ ဖြစ်ပါတယ်။

အကြောင်း အရင်းကတော့ တူချယ်ဟာ ရက်ကလစ်ဖ်နဲ့ INEOS တို့ အကောင်းအထည် ဖော်ချင်နေတဲ့ မန်ချက်စတာ ယူနိုက်တက် ပုံစံ သစ်မှာ အနှောင့်အယှက် ဖြစ်လာနိုင်တာကြောင့် လို့ သိရပါတယ်။

ယူနိုက်တက်မှာ နည်းစနစ် ဒါရိုက်တာ Jason Wilcox နဲ့ ဝင်လာမယ့် အားစကား ဒါရိုက်တာ Dan Ashworth တို့က အော်ပရေးရှင်းပိုင်းတွေ ကိုင်တွယ်မှာ ဖြစ်ပြီး သူတို့ လုပ်ဆောင်မှုတွေကို ခေါင်းညိမ့်လက်ခံမယ့် ‘yes manager’ တစ်ဦးကိုသာ လိုချင်ခဲ့တာပါ။

ဒါပေမယ့် တူချယ်က ပြောသမျှ ခေါင်းညှိမ့် လက်ခံမယ့် နည်းပြမျိုး မဟုတ်တာကြောင့် ယူနိုက်တက်ရော ဂျာမန်သား ဘက်ကပါ ဆွေးနွေးမှုကို ရပ်တန့်ဖို့ ဆုံးဖြတ်ခဲ့တယ် လို့ သိရပါတယ်။