ယူရို ၂၀၂၄ မှာ ဘယ်အသင်းတွေ ဗိုလ်စွဲမလဲ ခန့်မှန်းချက် ထုတ်လာတဲ့ ဝါရင့်နည်းပြ မော်ရင်ညို

ပေါ်တူဂီသား ဝါရင့် နည်းပြကြီး မော်ရင်ညိုကတော့ လာမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲကို အနိုင်ရပြီး ချန်ပီယံဆုဖလား ကိုင်မြောက်နိုင်ဖွယ်ရှိတဲ့ ကလပ် ၄ သင်းကို သုံးသပ် ခန့်မှန်းလာခဲ့ပြီ ဖြစ်ပါတယ်။

၁၉၆၆ ခုနှစ်နောက်ပိုင်း ဆုဖလား အောင်မြင်ခြင်း မရှိတဲ့ အင်္ဂလန်အသင်းကိုလည်း ဒီတစ်ကြိမ် ယူရိုမှာ ချန်ပီယံဖြစ်ရေး ရေပန်းစား အသင်းတစ်သင်းအဖြစ် မော်ရင်ညိုက ထည့်သွင်းခဲ့ပါတယ်။

အင်္ဂလန် အပြင် မော်ရင်ညို သူ့ရဲ့ မိခင်နိုင်ငံဖြစ်တဲ့ ပေါ်တူဂီအသင်းနဲ့ ပြင်သစ်၊ ဂျာမနီ ကိုလည်း ဖလား ရနိုင်တဲ့ အသင်း အဖြစ် သတ်မှတ်ခဲ့ပါတယ်။

မော်ရင်ညိုက ” အရင်မျိုးဆက်တွေကို မလေးမစားလုပ်တာ မဟုတ်ပါဘူး။ ဒါပေမယ့် လက်ရှိ ပေါ်တူဂီအသင်းဟာ မြင်ဖူးသမျှထဲ အတောင့်တင်းဆုံး လူစာရင်းနဲ့ အရည်အချင်းကို ပိုင်ဆိုင်လာပြီး ယူရိုဖလား အောင်မြင်နိုင်လောက်အောင် ကောင်းပါတယ်။

ပေါ်တူဂီအသင်းက ယုံကြည်မှု ရှိနေမယ်ဆိုရင် ဘယ်အသင်းကို မဆို အနိုင်ယူနိုင်စွမ်း ရှိပါတယ်။ ပေါ်တူဂီက အကောင်းဆုံး အသင်းလို့ ကျနော် မပြောပါဘူး။ ဒါပေမယ့် စပိန်၊ ပြင်သစ်၊ အင်္ဂလန်၊ ဂျာမနီတို့လောက်နီးနီး ကောင်းပါတယ်။

အံ့ဩစရာတွေ ရှိလာခဲ့ရင် ကျနော်ကတော့ အံ့ဩပေးမှာပဲ။ ပြင်သစ်နဲ့ ဂျာမနီတို့က လက်ရွေးစင် ပြိုင်ပွဲတွေမှာ အမြဲတမ်း အကောင်းဆုံး လုပ်ပြနိုင်တဲ့ အသင်းတွေပါ။ ပေါ်တူဂီနဲ့ အင်္ဂလန်ကလည်း ပိုကောင်းလာပြီး ဒီ ၄ သင်းက ဒီ ယူရို မှာ ချန်ပီယံ ဖြစ်ဖို့ များပါတယ်။ ” လို့ သုံးသပ်ခဲ့ပါတယ်။

ထို ၄သင်း အပြင် အခြား အားကောင်းတဲ့ အသင်းတွေ အဖြစ် ” စပိန်အကြောင်းကို သေချာ မသိပေမယ့် သူတို့ကလည်း အမြင့်ဆုံးအဆင့် ကစားနိုင်တဲ့ ကစားသမားတွေနဲ့ ဘောလုံးကို ကောင်းကောင်းကစားနိုင်တယ်။ အီတလီ၊ ဘယ်ဂျီယံတို့ကလည်း အားလုံးကို အံ့အားသင့်စေနိုင်ပါတယ်။ ’ လို့ ထည့်ပြောခဲ့ပါတယ်။