FA ဖလားသာ မရရင် ပြုတ်နေလောက်ပြီ၊ ဆက်ခန့်တာ ကျေးဇူးတင် တန်ဟက်ရေ.. ဆိုတဲ့ နဗီးလ်ရဲ့ ပြတ်ပြတ်သားသား အပြော

မန်ချက်စတာ ယူနိုက်တက် တာဝန်ရှိသူတွေဟာ ဘောလုံးရာသီ ပြီးဆုံးချိန်မှာ နည်းပြသစ် ခန့်အပ်ဖို့ ချိတ်ဆက်မှု၊ ဆွေးနွေးမှုတွေ ရှိခဲ့သလို တန်ဟက်ကို ဆက် ခန့်မလား ဆိုတာ အတွက်လည်း ပြန်လည် သုံးသပ်မှု လုပ်တာ သီတင်းပတ် အနည်းငယ် ကြာခဲ့ပါတယ်။

နယ်သာလန်သား နည်းပြ ကိုယ်တိုင်လည်း အသင်းဘက်က Yes or No ပြောဖို့ အချိန် အတော်ကြာခဲ့တာကို စိတ်ပျက် လက်ပျက် ဖြစ်နေကြောင်း သတင်း ထွက်ခဲ့ပါသေးတယ်။

သရဲနီဟောင်းကြီး ဂယ်ရီ နဗီးလ်ကတော့ တန်ဟက်ကို အသင်းက ဆက်ခန့်ပေမယ့် ပြီးခဲ့တဲ့ရာသီက လုံလောက် ကောင်းမွန်မှု မရှိတာကို နယ်သာလန်သား သိထားရမှာ ဖြစ်ပြီး စောဒက တက်စရာလည်း မရှိသင့်ကြောင်း သုံးသပ် ထောက်ပြသွားပါတယ်။

” ဘောလုံးရာသီ ပြီးချိန်မှာ မန်ချက်စတာ ယူနိုက်တက်က အဲရစ်တန်ဟက်ကို ဆက်ခန့်၊ မခန့် ပြန် review လုပ်တာ အချိန် နှစ်ပတ် ကြာခဲ့တယ် ဆိုတာ တကယ်တော့ ရက်စက်ရာ မကျပါဘူး။

တန်ဟက် အနေနဲ့ အသင်းက ဂိုးပြတ် ရှုံးပွဲကြီးတွေ ကြုံခဲ့တာ၊ အသင်း ဖွဲ့စည်းပုံ ကမောက်ကမ ဖြစ်ခဲ့တာတွေကို ပြန်မြင်မယ် ဆိုရင် ပြီးခဲ့တဲ့ ရာသီ သူ လုပ်ဆောင်ခဲ့တာက လုံလောက် ကောင်းမွန်မှု မရှိခဲ့ဘူး ဆိုတာ လက်ခံရမှာပဲ။

တကယ်လို့သာ အက်ဖ်အေဖလား ဖိုင်နယ်မှာ ရှုံးခဲ့တယ် ဆိုရင် တန်ဟက်က ခုလောက်ဆို ရာထူးက ပြုတ်နေလောက်ပြီ။ ဘယ်သူကမှလည်း အဲဒီပွဲမှာ ယူနိုက်တက် ကောင်းကောင်း လုပ်နိုင်မယ်တောင် မထင်ခဲ့ကြဘူးလေ။

အဲရစ်တန်ဟက် အနေနဲ့ အသင်းက နည်းပြသစ်တွေ ရှာဖွေကြည့်တာ၊ ဆွေးနွေးကြည့်နေတာကို ဘာမှလည်း စောဒက တက်နိုင်မယ်တော့ ကျွန်တော် မထင်ပါဘူး။ ယူနိုက်တက်ကို အဆင့် ၈ ပဲ ရအောင် လုပ်တဲ့ မန်နေဂျာ တစ်ယောက် က သူ့ အနာဂတ် မရေရာဘူး ဆိုတာ သိပါလိမ့်မယ်။ ” လို့ ဂယ်ရီ နဗီးလ် က ပွင့်ပွင့်လင်းလင်းပဲ သုံးသပ်သွားခဲ့ပါတယ်။