ချယ်ဆီး ဘယ်လိုဝင်နှောက်လိုက်လို့ ယူနိုက်တက်တို့ ပိုချက်တီနိုကို နည်းပြသစ် အဖြစ် မခန့်နိုင် ဖြစ်သွားခဲ့ရတာလဲ

နည်းပြ ပိုချက်တီနို ဟာ ချယ်ဆီးအသင်းထံကနေ မမျှော်လင့်ဘဲ ထုတ်ပယ်ခံလိုက်ရပြီးတဲ့နောက် ပရီးမီးယားလိဂ်မှာ ဆက်နေဖွယ် မရှိတော့ပါဘူး။

မန်ချက်စတာ ယူနိုက်တက်က ပိုချက်တီနို ကို ချိတ်ဆက်ခဲ့သေးပေမယ့် အဆုံးမှာတော့ အဲရစ်တန်ဟက်ကိုပဲ ဆက်ခန့်လိုက်ကာ အာဂျင်တိုင်းသား နည်းပြ အပေါ် စိတ်ဝင်စားမှု အဆုံးသတ်ခဲ့ရပါတယ်။

ဒေးလီးမေးလ် သတင်းဌာန ဖော်ထုတ်ချက် အရတော့ ပိုချက်တီနိုနဲ့ မန်ချက်စတာ ယူနိုက်တက် တို့ ပေါင်းစည်းရေးဟာ ချယ်ဆီးအသင်းရဲ့ စာချုပ်ပါ အချက်တစ်ခု အရ အဆင်မပြေ ဖြစ်သွားခဲ့ရတယ် လို့ သိရပါတယ်။

ပိုချက်တီနို စတန်းဖို့ဘရစ်ချ်က ထွက်ခွာသွားချိန်မှာ ချယ်ဆီးအသင်းက ၂၀၂၅ မတိုင်ခင် နောက်ထပ် အသင်းတစ်သင်းကို နည်းပြ အဖြစ် ကိုင်မယ် ဆိုရင် လျော်ကြေး ပေးရမယ်လို့ သဘောတူညီမှု တစ်ချက် နဲ့ ချုပ်ထားခဲ့ပါတယ်။

ဒါကြောင့် ပိုချက်တီနို ဟာ ၂၀၂၄ နှစ်ကုန်ထိ ကလပ်အသင်းသစ် ကိုင်တွယ်ဖွယ် မရှိဘဲ အနားယူနေဖွယ် ရှိနေပါတယ်။