လက်ရှိ ချန်ပီယံ အီတလီ မနိုင်၊ နာမည်ကြီး ခရိုအေးရှားလည်း ရှုံးမယ် ဆိုတဲ့ ခရစ်ဆက်တန်ရဲ့ ဒီည ယူရိုအုပ်စုပွဲတွေ အတွက် သုံးသပ်ခန့်မှန်းချက်

ယူရို ၂၀၂၄ ဖွင့်ပွဲနဲ့ အတူ မနေ့ညက စတင် ကစားသွားတဲ့ အိမ်ရှင် ဂျာမနီနဲ့ စကော့တလန် အသင်းတို့ရဲ့ Group A အုပ်စု အဖွင့် ပွဲစဉ်ကတော့ အိမ်ရှင် ဂျာမနီ အသင်းက ၅-၁ နဲ့ ဂိုးပြတ်နိုင်ကာ စတင်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီ စနေညမှာတော့ နောက်ထပ် အုပ်စုပွဲစဉ် ၃ ပွဲ ယှဉ်ပြိုင်ကြဖို့ ရှိနေပြီး ဘီဘီစီ သတင်းဌာနမှ ခရစ်ဆက်တန်က အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

Hungary v Switzerland ( Group A )

ပွဲချိန်။ ။ စနေည ၇ နာရီခွဲ

ဒီပြိုင်ပွဲမှာ အင်အားကြီးမားလွန်းတဲ့ အသင်းတွေ၊ အခြေအနေ မဟန်ရင်တောင် ပြောင်းလဲ ပြနိုင်တဲ့ အသင်းတွေ အများကြီး ပါဝင်ပါတယ်။

ဆွစ်ဇာလန် အသင်းကတော့ အရင်နှစ်တွေတုန်းကလို မဟုတ်ပါဘူး။ သူတို့က ယူရိုခြေစစ်ပွဲအောင်တာတောင် ရင်ခုန် ပျော်ရွှင်နေခဲ့ကြတာပါ။ ဒါပေမယ့် ထက်မြက်မှုတွေတော့ ရှိပါသေးတယ်။ ရှာကာနဲ့ ရှာကွီရီ တို့က အုပ်စုကနေ ကျွတ်အောင် ဘယ်လို လုပ်ရမလဲ သိပါတယ်။

ဟန်ဂေရီ ကတော့ စောင့်ကြည့်ရမယ့် အသင်း တစ်သင်းပါ။ ဒီတလောနှစ်တွေ အတွင်း အားလုံးကို မှင်တက်အောင် လုပ်နိုင်တဲ့ ပွဲတချို့ ရှိခဲ့တယ်။ ဝင်ဘာလေမှာ အင်္ဂလန်ကို အနိုင်ကန်တဲ့ပွဲ အပါဝင်ပေါ့။ သူတို့ ခံစစ်ပိုင်း မာတယ်။ အခွင့်အရေးတွေ ပြိုင်ဘက်ကို အများကြိး မပေးဘူး။ ဒိုမိနစ် ဆိုဘိုဆလိုင်းက ဘယ်လို ထူးချွန်သူလည်း သိကြတာပဲ။ နောက်ပြီး ဘာနာဘက်စ် ဗာဂါရောပဲ။

Sutton’s prediction: 1-1

Spain v Croatia ( Group B )

ပွဲချိန်။ ။ စနေည ၁ဝ နာရီခွဲ

လူတိုင်းက အယ်လ်ဘေးနီးယား ကို ဒီအုပ်စု အောက်ဆုံးပဲ ဖြစ်မယ် ထင်နေကြတယ်။ ဒီလို ပြိုင်ပွဲမှာ အရွယ်ရနေတဲ့ ခရိုအေးရှားကရော ဝေးဝေးသွားနိုင်ပါ့မလား။ သူတို့ ကွင်းလယ်မှာ ကွာလတီကောင်းတွေ ရှိနေပေမယ့် လူသစ်တွေရော မလိုဘူးလား။

စပိန်နည်းပြ Luis de la Fuente ယူရို U-18 နဲ့ U-19 တန်းတွေမှာ အောင်မြင်မှု ရယူလာသူပါ။ ဒါပေမယ့် ဒီပြိုင်ပွဲကတော့ ပိုပြီး ကြီးမားတဲ့ တာဝန် ဖြစ်ပါတယ်။ စပိန်က အန္တရာယ်ကြီးတဲ့ အသင်းပါ။ အထူးသဖြင့် သူတို့ လုပ်တိုင်း ဖြစ်နေရင်ပေါ့။ သူတို့ ဒီပွဲကနေ နိုင်ပွဲ စ ယူပါလိမ့်မယ်။

Sutton’s prediction: 2-1

Italy v Albania ( Group B )

ပွဲချိန်။ ။ စနေည ၁ နာရီခွဲ

အီတလီ နည်းပြ Luciano Spalletti ကတော့ ဒီယူရိုပြိုင်ပွဲတွင်းမှာ ကစားသမားတွေကို Playstations ကစားတာ ဘန်းထားပါတယ်။ သူကတော့ ဒီပြိုင်ပွဲမှာ ကျွန်တော့် အကြိုက် မန်နေဂျာ ဖြစ်နေပါပြီ၊ ရလဒ်တွေက ဘယ်လိုပဲ ထွက်လာလာပေါ့။

ပြီးခဲ့တဲ့ ယူရိုတုန်းက သူတို့ ချန်ပီယံ ဖြစ်သွားတာလည်း အံ့သြစရာ ဖြစ်စေခဲ့တယ်။ တကယ်ကိုလည်း အမှတ်ရစရာ ကောင်းတယ်။ သူတို့က စုဖွဲ့မှု ကောင်းတယ်။ တချို့ ကစားသမားတွေ ဆိုရင် ကြီးမားတဲ့ လွှမ်းမိုးမှု ရှိကြပြီး အင်တာမီလန်က လာတယ်။ သူတို့ လူစာရင်းမှာ စီးရီးအေ ချန်ပီယံ အသင်းက ၅ ယောက်ပါတယ်။

ပြီးခဲ့တဲ့ အစီအစဉ်တုန်းက အယ်လ်ဘေးနီးယား ဟာ ကျွန်တော့် အတွက် မထင်မှတ်တဲ့ ကော်ကောင် ဖြစ်လာနိုင်တဲ့ အသင်း လို့ ပြောခဲ့လို့ ဝေဖန်မှုတွေ အများကြီးခံရတယ်။ ဒါပေမယ့် သူတို့ ကို လျှော့တွက်လို့ မရဘူး။ အယ်လ်ဘေးနီးယား ဟာ direct football ကစားတာပါ။ ဂိုးတွေ အများကြီးလည်း သွင်းတယ်။ လက်ရှိ ချန်ပီယံနဲ့ တွေ့တဲ့ ပွဲမှာ သူတို့ ဘာမှ ဆုံးရှုံးစရာ မရှိပါဘူး။ ဒီတော့ အီတလီ အတွက်သာ အခက်တွေ့ဖွယ်ပါ။

Sutton’s prediction: 1-1