ဒီ တနင်္လာနေ့ညမှာ ယှဉ်ပြိုင် ကစားကြမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲရဲ့ အုပ်စု ပွဲစဉ် ၃ ပွဲ အတွက် ဘီဘီစီ သတင်းဌာနမှ ပင်တိုင်သုံးသပ်သူ ခရစ်ဆက်တန်ရဲ့ သုံးသပ် ခန့်မှန်းချက်တွေက အောက်ပါ အတိုင်း ဖြစ်ပါတယ်။
Romania v Ukraine (GROUP E)
ပွဲချိန်။ ။ တနင်္လာနေ့ ည ၇ နာရီခွဲ။
ရိုမေးနီးယားက ခြေစစ်ပွဲတလျောက် အတော် ကောင်းခဲ့ပါတယ်။ သူတို့ အုပ်စုတွင်းမှာ ရှုံးပွဲ မရှိခဲ့ဘဲ ၁ဝ ပွဲမှာ ၅ ဂိုးပဲ ပေးခဲ့ရတာပါ။ ဒီပွဲမှာလည်း သူတို့ ကျစ်ကျစ်လစ်လစ် လုပ်ပြနိုင်ပါတယ်။
ဆလိုဗက်ကီးယားနဲ့ အတူ ဒီနှစ်သင်းလုံးကလည်း ဘယ်လ်ဂျီယံ နောက် အုပ်စု ဒုတိယ နေရာကို လုကြရမှာပါ။ ပွဲကတော့ အတော်အီပြီး ဘက်ညီနေဖွယ် ရှိပါတယ်။ သရေကျမယ့် ပွဲလို့ အဖြေ ကြိုထွက်နေသလိုပါပဲ။
Sutton’s prediction: Romania 1-1 Ukraine
Belgium v Slovakia (GROUP E)
ပွဲချိန်။ ။ တနင်္လာနေ့ ည ၁ဝ နာရီခွဲ။
ဒီပွဲမှာ ဘယ်လ်ဂျီယံတို့ လုပ်တိုင်းတော့ ဖြစ်မယ် မထင်ပါဘူး။ သူတို့က အကောင်းဆုံးသော ကစားသမားတွေ ရှိတဲ့ အသင်း ဖြစ်ပေမယ့် ကျွန်တော် စိတ်တိုင်းမကျ ဖြစ်နေတယ်။
ဘယ်လ်ဂျီယံ နည်းပြ တီဒက်စ်ကို က ဂိုးသမား ကော်တိုရစ်ကို သူ့ လူစာရင်းကနေ ဖယ်ထားခဲ့တာ လုံးဝ နားမလည်နိုင်အောင်ပဲ။ ဒါက အမှားကြီး တစ်ခု ကျူးလွန်လိုက်သလိုပါ။
တိုက်စစ်မှာတော့ ရိုမီလူ လူကာကူ က ပွဲကြီးတိုးတဲ့ ကစားသမားပါ။ ဘယ်ခြမ်းမှာ ဒိုကူက ဘယ်လောက် အန္တရာယ် ပေးနိုင်လဲ ကျွန်တော်တို့ သိပါတယ်။ သူတို့ အတွက် စိတ်ပူမိတာက ဗာတွန်ဂန် ကိုပဲ အားထားနေရသေးတဲ့ နောက်တန်းပါ။
ဆလိုဗက်ကီးယား က ခြေစစ်ပွဲ အဆင့်မှာ တစ်ပွဲတည်း ရှုံးခဲ့ပြီး အဲဒါကလည်း ပေါ်တူဂီ ကိုပါ။ ဒီတော့ သူတို့ကလည်း လွယ်ကူမှာ မဟုတ်ဘူး။ တကယ်လို့ ကံသာ ဖေးမရင် သူတို့က အမှတ်တောင် ယူသွားနိုင်ပါတယ်။
Sutton’s prediction: Belgium 2-1 Slovakia
Austria v France (GROUP D)
ပွဲချိန်။ ။ တနင်္လာနေ့ ည ၁ နာရီခွဲ။
ကျွန်တော် ပြိုင်ပွဲတိုင်းမှာ ပြင်သစ်ကိုပဲ ဗိုလ်စွဲမယ် ရွေးလေ့ရှိပါတယ်။ ဒါက ပျင်းစရာ ကောင်းပါလိမ့်မယ်၊ ဒါပေမယ့် သူတို့က favourites ဖြစ်ရတဲ့ အကြောင်းရင်းတွေကလည်း ရှိပါတယ်။
ရင်းနစ် လက်အော်ကမှာ သြစတြီးယား အသင်း အခြေအနေ ကောင်းနိုင်တယ် ထင်ခဲ့ကြတဲ့ သူက နည်းနည်းလေးပဲ ရှိပါမယ်။ ဒါပေမယ့် အိုးထရက်ဖို့ဒ်မှာ အရှက်ကွဲပြီးတဲ့နောက် သူ ကောင်းကောင်း လုပ်ပြထားပါတယ်။
ပြင်သစ်နဲ့တွေ့တဲ့ ပွဲမှာ ကောင်းကောင်း ကစားနိုင်ရင်တောင် သူတို့က ဒီအုပ်စုကနေ အစောဆုံး ထွက်ရနိုင်တဲ့ အသင်းပါ။ ဒက်ချမ့်ရဲ့ အသင်းကလည်း နိုင်ပွဲ ဘယ်လို ယူရမလဲ အမြဲ သိနေတဲ့ အသင်းပါပဲ။ သူတို့က ထူးချွန်တယ်၊ လုံလောက်အောင် လုပ်ပြနိုင်တယ်။ တကယ့် ထူးခြားလွန်းတဲ့ အရည်အသွေးနဲ့ပါ။
Sutton’s prediction: Austria 1-2 France