အကောင်းဆုံး မန်နေဂျာက ယူနိုက်တက်မှာ ရှိနေပြီးသား ဆိုတာ သူတို့ သိသွားပါပြီ လို့ ဝံ့ကြွားလိုက်တဲ့ တန်ဟက်

မန်ချက်စတာယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ကတော့ အသင်းမှာ ဆက်နေဖို့ သေချာသွားပြီးနောက် သူ့ကို ယူနိုက်တက်က အသင်းမှာ ဆက်နေဖို့ ဘယ်လို လာပြောခဲ့သလဲ ဆိုတာ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

နယ်သာလန် TV channel NOS နဲ့ အင်တာဗျူးမှာ တန်ဟက်က ယူနိုက်တက် တာဝန် ရှိသူတွေဟာ သူတို့အသင်းအတွက် အကောင်းဆုံး နည်းပြက ယူနိုက်တက်မှာ ရှိနေပြီးသား ဆိုတာ သဘောပေါက်သွားကြပြီ လို့ ပြောဆိုခဲ့ပါတယ်။

” ကျွန်တော် အိုင်ဘစ်ဇာ မှာ အားလပ်ရက် အနားယူ အပန်းဖြေနေတုန်း အသင်း တာဝန်ရှိသူတွေ ရောက်လာတာပါ။ သူတို့က ရုတ်တရတ်ကြီး ကျွန်တော့် နေတဲ့ အိမ်တံခါးဝ ရောက်လာတော့တာပဲ။ ပြီးတော့ အသင်းနဲ့ အတူ ဆက်နေစေချင်ကြောင်း ပြောလာတယ်။

မန်ချက်စတာ ယူနိုက်တက်က သူတို့ တူချယ်နဲ့ စကားပြောခဲ့ကြောင်း ပြောခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံးကျတော့ အကောင်းဆုံး မန်နေဂျာ သူတို့မှာ ရှိပြီးသားပဲ လို့ ကောက်ချက် ချခဲ့ကြတယ်။

Ineos (ဆာဂျင် ရက်ကလစ်ဖ်တို့ အဖွဲ့) က အချိန်တော့ ယူခဲ့တာပေါ့။ သူတို့က ဘောလုံးလောကမှာ အသစ်လေ။ အဲဒီတော့ ဘောလုံးရာသီကို ပြန် လေ့လာဖို့ အချိန်ယူရတာ ပုံမှန်ပါပဲ။ တခြား နည်းပြတွေနဲ့လည်း စကားပြောခဲ့တယ် ဆိုတာလည်း လျှို့ဝှက်ထားတဲ့ ကိစ္စ မဟုတ်ပါဘူး။ ” လို့ တန်ဟက်က ပြောဆိုခဲ့တာပါ။

အဲရစ်တန်ဟက် ဟာ ပြီးခဲ့တဲ့ ရာသီမှာ မကြုံစဖူး ဂိုးပြတ် အရှုံးတွေ၊ စံချိန်တင် အနိမ့်ဆုံး အဆင့် ရပ်တည်မှုတွေနဲ့ ရာသီ သိမ်းခဲ့ရပေမယ့် အက်ဖ်အေဖလားမှာ စီးတီးကို အနိုင်ယူ ဗိုလ်စွဲခဲ့တာကြောင့် Ineos အဖွဲ့ ပြန် အခြေအနေ ကို ပြန်သုံးသပ်ခဲ့တာပါ။

နည်းပြသစ် ခန့်ဖို့ ဆွေးနွေး ချိတ်ဆက်မှုတွေလည်း လုပ်ခဲ့သေးပြီး အဆုံးမှာတော့ တန်ဟက်ကို ဆက်ခန့်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ အဲရစ်တန်ဟက်ကတော့ အခြေအနေ မကောင်းတဲ့ကြားက သူ့ကို ဆက်ခန့်ဖို့ ဆုံးဖြတ်ချက် ချခြင်း ခံခဲ့ရပေမယ့် သူ့ပုံစံ အတိုင်း လေထွားဆဲ ဖြစ်နေပါတယ်။